မနေ့ညက ကစားခဲ့တဲ့ အယ်လ်နာဆာနဲ့ အယ်လ်အိန်းတို့ရဲ့ အေအက်ဖ်စီ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာတော့ ပင်နယ်တီအဆုံးအဖြတ်နဲ့အတူ အယ်လ်အိန်းတို့ နောက်တစ်ဆင့်ကို တက်ရောက်ခဲ့ပါတယ်။ ဒီပွဲက အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ အချိန်ပို၊ ပင်နယ်တီအထိ ရောက်ရှိခဲ့တာပါ။
ပထမပိုင်းမှာတင် အယ်လ်အိန်းက နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ပြီး နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းတွေကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အယ်လ်နာဆာက ဒုတိယပိုင်းမှာ ချေပဂိုးတွေ ဆက်တိုက်သွင်းပြီး ၃-၂ ဂိုးဖြစ်သွားတာကြောင့် အချိန်ပိုအထိ ဆက်ကစားခဲ့ရပါတယအချိန်ပို (၁၀၃) မိနစ်မှာလည်း အယ်လ်အိန်းတို့ ၃-၃ ဂိုးစီ သရေကျအောင် ချေပဂိုးသွင်းခဲ့ပေမယ့် ရော်နယ်ဒိုရဲ့ နောက်ကျပင်နယ်တီသွင်းဂိုးကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။ ပင်နယ်တီအဆုံးအဖြတ်မှာတော့ အယ်လ်နာဆာဘက်က ရော်နယ်ဒိုတစ်ယောက်တည်း ပင်နယ်တီဝင်ခဲ့ပါတယ်။
အခြား ကစားသမားတွေဖြစ်တဲ့ ဘရိုဇိုဗစ်၊ အဲလက်စ်တဲလက်စ်နဲ့ အိုတာဗီယိုတို့ ပင်နယ်တီ မဝင်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်မှာ ၁-၃ ဂိုးနဲ့ အရေးနိမ့်ပြီး အယ်လ်နာဆာတို့ ပြိုင်ပွဲက ထွက်ခဲ့ရတာပါ။ အယ်လ်နာဆာကတော့ သူတို့ထက် တန်ကြေးအရ (၄) ဆကျော် လျော့နည်းတဲ့ အသင်းကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် သူတို့အတွက် ဒီရာသီ မျှော်လင့်နိုင်ခြေမြင့်မားတဲ့ ဆုဖလားတွေထဲက တစ်လုံးကို လက်လွှတ်ခဲ့ရတာဖြစ်ပြီး ရော်နယ်ဒိုကလည်း အပိုင်အခွင့်အရေးတစ်ကြိမ်ကို လွဲချော်ခဲ့မှုနဲ့အတူ လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။