• ပင်နယ်တီကြောင့် အနိုင်ရခဲ့ပြီးနောက် ပရိသတ်တွေကို သတင်းစကားပါးသွားတဲ့ ရော်နယ်လ်ဒို

ကဲရိုးရုဒ်မှာ နောဝစ်ချ်စီးတီးကို ၁-၀ နဲ့ အနိုင်ရရှိဖို့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့တစ်လုံးတည်းသော ပင်နယ်တီသွင်းဂိုးက အကူအညီပေးခဲ့တာပါ

အနိုင်ဂိုးရှင် ခရစ္စတီယာနို ရော်နယ်လ်ဒိုက ကဲရိုး ရုဒ်မှာ နောဝစ်ချ်စီးတီးကို ၁-၀ နဲ့ အနိုင်ရရှိပြီးနောက်ပိုင်း မန်ချက်စတာယူနိုက်တက်အသင်းက မှန်ကန်တဲ့ဦးတည်ချက်အတိုင်း နောက်ထပ်ခြေလှမ်းတစ်လှမ်း လှမ်းနိုင်ခဲ့ပြီလို့ ပြောကြားခဲ့့ပါတယ်။

image

ပေါ်တူဂီကြယ်ပွင့်တိုက်စစ််မှူးဟာ ၇၅ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကနေတဆင့် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ၃ ပွဲဆက်နိုင်ပွဲကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

image

ရော်နယ်လ်ဒိုကို နောဝစ်ချ်စီးတီး ညာနောက်ခံလူ မက်စ် အာရွန်စ်က ခေါင်းမတိုက်နိုင်အောင် မြေကြီးပဲ ဆွဲလှဲချပြီးနောက် ကွင်းလယ်ဒိုင်က မန်ချက်စတာယူနိုက်တက်ကို ပင်နယ််တီကန်သွင်းခွင့်ပေးခဲ့တာဖြစ်ပြီး ရော်နယ်လ်ဒိုက အားပါပါနဲ့ အမှားအယွင်းမရှိ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ နောဝစ်ချ်စီးတီးအသင်းဟာ အနည်းဆုံး သရေ ၁ မှတ်ရယူနိုင်ဖို့အတွက် အခွင့်အရေးတွေလည်း မနည်းမနော ရရှိခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းဟာ နိုင်ပွဲအတွက် ပျော်ရွှင်မယ်ဆိုရင်လည်း ပျော်ရွှင်သင့်ပါတယ်။

ရော်နယ်လ်ဒိုဟာ ယခုရာသီရဲ့ ၁၃ ဂိုးမြောက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းကလည်း တနင်္ဂနွေနေ့ညမှာ ကစားမယ့် ပွဲစဉ်တွေမတိုင်မီ အဆင့် ၄ နေရာက ဝက်စ်ဟမ်းနဲ့ ရမှတ်တူ အဆင့် ၅ နေရာအထိ တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့အချိန်ကာလပိုင်းခြားက ရလဒ်တွေ ဆိုးရွားနေမှုကို ပြောင်းလဲနိုင်ဖို့ ကြိုးပမ်းနေခဲ့တာဖြစ်တာကြောင့် ရော်နယ်လ်ဒိုအတွက်တော့ နောဝစ်ချ်စီးတီးနဲ့ပွဲစဉ်က နိုင်ပွဲဟာ ယူနိုက်တက်ကို ၎င်းတို့သွားချင်တဲ့ ဦးတည်ချက်အတိုင်း နောက်ထပ်ခြေတစ်လှမ်း လှမ်းနိုင်စေခဲ့တာဖြစ်ပါတယ်။

"မှန်ကန်တဲ့ဦးတည်ချက်အတိုင်း နောက်ထပ် ခြေတစ်လှမ်း လှမ်းနိုင်ခဲ့ပါပြီ။ ကျွန်တော်တို့ ဘာလိုချင်လဲဆိုတာ ကျွန်တော်တို့သိပြီး အဲဒါကို ရဖို့အတွက် ဘာလုပ်ရမလဲဆိုတာကိုလည်း သိပါတယ်။ အဲဒါက ကျွန်တော်တို့အပေါ်မှာပဲ မူတည်တာပါ။ ကောင်းကောင်း ကစားနိုင်ခဲ့ကြတယ် သားကြီးတို့။ လုပ်လိုက်ကြရအောင် သရဲနီတွေ"လို့ ရော်နယ်လ်ဒိုက ၎င်းရဲ့ အင်စတာဂရမ်အကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိမှာတော့ ယခုရာသီမှာ ဒုတိယအကြိမ် ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့စက်တင်ဘာလနောက်ပိုင်းကတည်းက အဲဒီလို နိုင်ပွဲဆက်မှုမျိုး မရရှိခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က