ထိုင်းကတော့ ဗိုလ်လုပွဲမျာ အင်ဒိုနီးရှားနဲ့ ထိပ်တိုက်တွေ့ဆုံတော့မှာပါ။

ပထမအကျော့မှာ နှစ်ဂိုးပြတ်ရှုံးထားတဲ့ ဗီယက်နမ်တို့ ဒီပွဲမှာ ပွဲစတာနဲ့ ဂိုးရဖို့ အသည်းအသန် ကြိုးစားခဲ့ပါတယ်။ နှစ်သင်းလုံးကတော့ အတောင့်တင်းဆုံး လူစာရင်းတွေနဲ့ပဲ ပွဲထွက်လာခဲ့ပြီး ဗီယက်နမ်ကတော့ ပိုပြီး ဖိကစားနိုင်ဖို့ ကြိုးစားခဲ့တာပါ။



ထိုင်းကတော့ သူတို့ရဲ့ပုံစံအတိုင်း တည်တည်ငြိမ်ငြိမ်ရှိခဲ့ပြီး ဗီယက်နမ်ရဲ့ အမှားကို စောင့်ကစားဖို့ ပြင်ဆင်ခဲ့ပါတယ်။ နှစ်ကျော့လုံးမှာ ဗီယက်နမ်က ထိုင်းထက် ပိုကောင်းတယ်လို့ဆိုနိုင်ပေမယ့် တကယ်တမ်း မဟာဗျူဟာကျကျနဲ့ အရေးကြီးတဲ့အချိန်မှာ တည်ငြိမ်မှုပြနိုင်တဲ့ နေရာမှာတော့ ထိုင်းက ပိုသာခဲ့ပါတယ်။

ပထမပိုင်းမှာ ဗီယက်နမ်တို့ ဖိကစားနေတယ်ဆိုပေမယ့် ဂိုးရနိုင်တဲ့ အခွင့်အရေး လောက်လောက်လားလားမရခဲ့ပါဘူး။ ထောင့်ကန်ဘောကတဆင့် အသင်းခေါင်းဆောင်ရဲ့ ခေါင်းတိုက်ချက် ဂိုးဘေးကပ်ထွက်သွားတဲ့တကြိမ်ပဲ လောက်လောက်လားလားရှိခဲ့ပါတယ်။ ထိုင်းဂိုးသမား ဘွတ်ပရွန် ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပြီး ကွင်းဘေးမှာ ငိုကြွေးနေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ပထမပိုင်းပြီးခါနီးမှာ ထိုင်းဘက်က သီယာသွန် ကန်ချက်ကောင်းမွန်ခဲ့ပေမယ့် ဗီယက်နမ်ဂိုးသမား လက်စွမ်းပြ ကာကွယ်ခဲ့တာကြောင့် ပထမပိုင်းမှာ ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ထိုင်းက သူတို့လိုချင်တဲ့ပုံစံအတိုင်းပဲ ကစားခဲ့ပြီး ဗီယက်နမ်အလစ်ငိုက်ကို ကောင်တာစောင့်ကစားခဲ့ပါတယ်။  

ဒါပေမယ့် ပွဲပြီးဆုံးတဲ့အချိန်ထိ နှစ်သင်းလုံး ဂိုးမရခဲ့ဘဲ နှစ်ကျော့ပေါင်းရလဒ် ၂-၀ ဂိုးနဲ့ ထိုင်းတို့ ဗိုလ်လုပွဲတက်ခဲ့ပါတယ်။ ထိုင်းကတော့ ဗိုလ်လုပွဲမှာ အိမ်ရှင်စင်ကာပူကိုနိုင်လာတဲ့ အင်ဒိုနီးရှားနဲ့ ထိပ်တိုက်တွေ့ဆုံရမှာပါ။

ဒီပွဲမတိုင်ခင် ဗီယက်နမ်နည်းပြ ပတ်ဟန်ဆိုးကတော့ ပင်နယ်တီလေ့ကျင့်ထားတယ်ဆိုပြီး ပြောခဲ့ပေမယ့် လက်တွေ့မှာတော့ သူ့အသင်းက တဂိုးမှမသွင်းနိုင်ခဲ့ဘဲ ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က