တိုမက်စ် ဆူးချက်က ပိတ်ဆို့ခဲ့ရာမှာ ဘောလုံးက လက်နဲ့ ထိသွားခဲ့တာ ဖြစ်ပါတယ်။

ဒေါသထွက်နေတဲ့ ချဲလ်ဆီးပရိသတ်တွေဟာ စနေနေ့ညနေက ဝက်စ်ဟမ်နဲ့ပွဲစဉ်မှာ ကျိန်းသေပေါက်ပေးရမယ့်ပင်နယ်တီကို ငြင်းပယ်ခံခဲ့ရပြီးနောက် VAR ကို ပြင်းပြင်းထန်ထန် ပြစ်တင်ကြိမ်းမောင်းခဲ့ကြပါတယ်။

အက်သလက်တီကို မက်ဒရစ်ကနေ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂျာအို ဖီလစ်ဟာ ဂရေဟမ် ပေါ့တားရဲ့အသင်းအတွက် ၁၆ မိနစ်မှာ အန်ဇို ဖာနန်ဒက်ဇ်ရဲ့ အလွန်ကောင်းမွန်တဲ့ ပေးပို့မှုကနေတဆင့် မြေမကျဘောကန်သွင်းပြီး ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒေးဗစ် မွိုက်စ်ရဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းအတွက် နောက်ထပ် ၁၂ မိနစ်အကြာမှာပဲ ချဲလ်ဆီးကြယ်ပွင့်ဟောင်း အီမာဆင်က ချေပဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပြီး ချဲလ်ဆီးအသင်းဟာ ပထမပိုင်းမှာ ဂျာအို ဖီလစ်နဲ့ ခိုင် ဟာဗတ်ဇ်တို့ရဲ့ သွင်းဂိုးတွေကို ငြင်းပယ်ခြင်းခံခဲ့ရတာကြောင့် နစ်နာခဲ့တာဖြစ်ပါတယ်။



ဒုတိယပိုင်းမှာ ချဲလ်ဆီးအသင်းက ဝက်စ်ဟမ်းအသင်းကို ဦးဆောင်ဂိုး သွင်းယူနိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်ခဲ့ပြီး ဂိုးသွင်းယူနိုင်ဖို့ အလွန်နီးစပ်ခဲ့ပေမယ့်လည်း VAR က ရှင်းလင်းတဲ့ ပင်နယ်တီပြစ်ဒဏ်ဘောကို ခွင့်ပြုပေးဖို့ အံ့အားသင့်ဖွယ် ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။ ခိုင် ဟာဗတ်ဇ်က ပင်နယ်တီဧရိယာအစွန်နားက ကော်နာ ဂယ်လေဂါရဲ့ လမ်းကြောင်းထဲကို ဘောလုံးပေးပို့ခဲ့ရာမှာ ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့်က ဝက်စ်ဟမ်း ဂိုးအောက်ထောင့်ကို အပြင်းကန်သွင်းယူခဲ့တာဖြစ်ပြီး တိုမက်စ် ဆူးချက်က ပိတ်ဆို့ခဲ့ရာမှာ ဘောလုံးက လက်နဲ့ ထိသွားခဲ့တာ ဖြစ်ပါတယ်။



VAR က ဖြစ်စဉ်ကို ကြားဝင်ခဲ့ပြီး ပြန်လည်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ချဲလ်ဆီးအသင်း အနိုင်ရရှိသွားစေမယ့် အရေးကြီးတဲ့ ပင်နယ်တီကို ခွင့်ပြုပေးဖို့ ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ VAR ရဲ့ ဆုံးဖြတ်ချက်ကြောင့် ဒေါသပေါက်ကွဲနေတဲ့ ချဲလ်ဆီးပရိသတ်တွေဟာ ဝက်စ်ဟမ်းနဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲအပြီးမှာ လူမှုကွန်ရက်ပေါ်မှာ ပြင်းပြင်းထန်ထန် ပြစ်တင်ကြိမ်းမောင်းမှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

"ဒီရာသီမှာ လက်ပစ်ဘောစီရင်ချက်တွေက စက်ဆုပ်ရွံရှာစရာကောင်းခဲ့ပြိး ကျွန်တော်တို့နဲ့ ဆန့်ကျင်ပြီးဆုံးဖြတ်ခဲ့တာတွေလည်း အများကြီးရှိခဲ့ပါတယ်"လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း "ဒါက ရွံရှာစရာကောင်းတဲ့ ဆုံးဖြတ်ချက်ပဲ။ အရာတော်တော်များများကို မှားယွင်းနေတဲ့အချိန်မှာ VAR ရှိနေရတဲ့ ရည်ရွယ်ချက်က ဘာလဲ။ ဟာသပဲ"လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Share

က္က