• ပင်နယ်တီဆရာကြီးရဲ့တလုံးတည်းသောဂိုးနဲ့ ချဲလ်ဆီးတို့ ရာသီအဖွင့်လှခဲ့

ချဲလ်ဆီးတို့ အဝေးကွင်းမှာ နိုင်ပွဲရရှိခဲ့တာပါ။

လမ်းပတ်ရဲ့အဲဗာတန်ကတော့ ဒီပွဲမှာ ဂေါ်ဒွန်ကို တိုက်စစ်မှူးနေရာကနေ ပွဲထုတ်လာခဲ့ပြီး ဂိုးမပေးရရေးကိုပဲ အဓိကဦးတည်ကစားဖို့ ပြင်ဆင်လာခဲ့ပါတယ်။ အသစ်ခေါ်ယူထားတဲ့ မက်နေးလ်လည်း ပါဝင်လာခဲ့ပြီး ယယ်ရီမီနာ၊ တာကောစကီး၊ ဂရေး၊ ဒိုကိုရီ၊ အီဝိုဘီတို့ ပွဲထွက်ခဲ့ပါတယ်။

image

ချဲလ်ဆီးကလည်း ကစားသမားနှစ်ယောက်ဖြစ်တဲ့ စတာလင်၊ ကူလီဘလီတို့ကို ပွဲထုတ်ခဲ့ပြီး ကူကူရယ်လာကတော့ အရံခုံမှာသာရှိနေခဲ့ပါတယ်။ ကျန်တဲ့နေရာတွေမှာတော့ လူစုံခဲ့ပြီး မေဆင်မောင့်၊ ဟာဗက်ဇ်၊ သီယာဂိုဆေးလ်ဗား၊ အက်ဇ်ပီလီကွီတာ၊ ဂျော်ဂျင်ဟို၊ ကန်တေတို့ ပွဲထွက်ခဲ့ကြပါတယ်။ ကဲလ်ဗတ်လီဝင်၊ ကိုးလ်မန်း၊ တွမ်ဒေးဗီးစ်၊ တောင်းဆန့်၊ အန်ဒရေဂိုးမက်စ်တို့ ဒဏ်ရာနေတဲ့ အဲဗာတန်တို့ ဒီနေ့ပွဲမှာလည်း ကံဆိုးခဲ့ပြန်ပါတယ်။

image

ပထမပိုင်းမှာတင် နောက်ခံလူ ဂေါ့ဒ်ဖရေး ဒဏ်ရာရရှိခဲ့တာကြောင့် ထမ်းစင်နဲ့ထုတ်သွားခဲ့ရပြီး ဒုတိယပိုင်းမှာလည်း ယယ်ရီမီနာပါ ပေါင်ခြံဒဏ်ရာရရှိသွားခဲ့ပါတယ်။ ပထမပိုင်းမှာ ချဲလ်ဆီးအတွက် စတာလင် ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် လူကျွံနေတာကြောင့် နစ်နာခဲ့ရပါတယ်။ ဒါပေမယ့် ပထမပိုင်းပြီးခါနီးမှာတော့ ချဲလ်ဆီးတို့ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။

ဒီဂိုးကိုတော့ ဂျော်ဂျင်ဟိုက ပင်နယ်တီကတဆင့် သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ချဲလ်ဆီးတို့ ပွဲကိုထိန်းချုပ်နိုင်ဖို့အတွက်သာ အဓိကဦးတည်ခဲ့ပြီး အဲဗာတန်ကတော့ ချေပဂိုးရဖို့ အရှိန်မြှင့်ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် တိုက်စစ်ပိုင်းက ထိရောက်မှုအားနည်းခဲ့ပြီး အလီဝင်လာခဲ့သည့်တိုင် ဘာမှ စိတ်လှုပ်ရှားစရာမရှိခဲ့ပါဘူး။

ချဲလ်ဆီးဘက်ကလည်း နောက်ခံလူသစ် ကူလီဘလီ ဒုတိယပိုင်းမှာ ဒဏ်ရာရသွားတာကြောင့် လူစားလဲခဲ့ရပြီး ကူကူရယ်လာနဲ့ ပြီးခဲ့တဲ့ရာသီမှာ အငှားထွက်ကစားရင်း ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူး ဘရော်ဂျာတို့လည်း ဝင်ကစားခဲ့ပါတယ်။ ကူကူရယ်လာခင်းပေးတဲ့ ဘောလုံးကို စတာလင် အပိုင်ကန်ခဲ့ပေမယ့် မိုင်ကိုလန်ကို တားဆီးနိုင်ခဲ့တာက ချဲလ်ဆီးအတွက် နစ်နာခဲ့ပြီး ပထမပိုင်းကအတိုင်းပဲ ချဲလ်ဆီးတို့ ၀-၁ ဂိုးနဲ့ ရာသီအဖွင့်ပွဲကို အနိုင်ရရှိခဲ့ပါတယ်။ 

Share

Loading Next Article...
က္က