အာဆီယံ ယူ-၁၉ အမျိုးသား ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းဟာ ပြိုင်ပွဲကြို နောက်ဆုံး ခြေ စမ်း ပွဲစဉ်အဖြစ် မြန်မာနေရှင်နယ်လိဂ် ကလပ် ဧရာဝတီယူနိုက်တက်အသင်းနဲ့ ကစားသွားပါမယ်။
မြန်မာ ယူ-၁၉ အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်း
မြန်မာယူ -၁၉ အသင်းကို နည်းပြချုပ်အဖြစ်မြန်မာ့လက်ရွေးစင်ဟောင်း ဦးမျိုးလှိုင်ဝင်းက တာဝန်ယူ ကိုတွယ်တော ဖြစ်ပြီး နိုင်ငံတကာ ခြေစမ်း ပွဲများကိုလည်း ကစားထားပါတယ်။
နောက်ဆုံး ကစားထားတဲ့ နိုင်ငံတကာ ခြေစမ်းပွဲမှာဆိုရင် စင်ကာပူ ယူ-၂၃ အသင်းကို အဝေးကွင်းမှာ သွားကစားထားပြီး ၂-၀ ဂိုးနဲ့ အနိုင်ရရှိ ထားပါတယ်။
ဒါ့အပြင် စင်ကာပူလိဂ်မှ နီဂါတာ အသင်းနဲ့လည်း ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ထားပြီး အာဆီယံ ယူ-၁၉ ပြိုင်ပွဲကို ကစားမှာ ဖြစ်ပါတယ်။
ဧရာဝတီအသင်းနဲ့ ခြေစမ်းပွဲစဉ်ကိုတော့ ယနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီအချိန်မှာ သုဝဏ္ဏကွင်းအတွင်း ယှဉ်ပြိုင်ကစားသွားမှာ လည်း ဖြစ်ပါတယ်။
အဆိုပါ ပွဲပြီးရင်တော့ မြန်မာအသင်းဟာ အင်ဒိုနီးရှားနိုင်ငံကို ထွက်ခွာမှာ ဖြစ်ပြီး ပြိုင်ပွဲကိုတော့ ဇူလိုင်လ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ကျင်းပသွားမှာပါ။
မြန်မာအသင်းဟာ အဆိုပါ ပြိုင်ပွဲမှာ တီမော၊ကမ္ဘောဒီးယား၊ဘရူနိုင်း၊မလေးရှားအသင်းတို့နဲ့အတူ အုပ့်စု(ခ)အတွင်း ကျရောက်လျက်ရှိနေပြီး အဖွင့်ပွဲအဖြစ် ဇူလိုင်လ ၂ ရက်နေ့မှာ တီမောအသင်းနဲ့ စတင်ကစားရပါမယ်။
Share