ဟိုတယ်နေချင်ရင်လည်း စီစဥ်ပေးထားတယ်လို့ သိရပါသေးတယ်။

ဒီနေ့ မေလ ၂ရက်နေ့မှာ ဂျပန်နိုင်ငံက လေယာဉ်တစ်စင်းရောက်ဖို့ရှိသလို မနက်ဖြန်မှာလည်း စင်ကာပူဘက်က လေယာဉ်တစ်စင်းရောက်ဖို့ရှိတယ်လို့သိရပါတယ်။

ဓာတ်ပုံ - Myanmar Embassy, Seoul



Relief Flightတွနဲ့ပြန်လာသူတွေအတွက်Facility Quarantineနေဖို့ ဘုန်းကြီးကျောင်း ၄ ကျောင်းအပါအဝင် လှည်းကူးပညာရေးကောလိပ်နဲ့ တော်ဝင်မြတ်လေးတည်းခိုဆောင်တွေကို အစိုးရဖက်က စီစဉ်ပေးထားတယ်လို့ Quarantine နေရာတွေ အဆင်ပြေစေရေး လိုက်ပါဆောင်ရွက်ပေးနေတဲ့ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က Duwun ကိုပြောပါတယ်။

ပြည်ပနိုင်ငံအသီးသီးမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို အစိုးရက အထူးအစီအစဉ်နဲ့ ပြန်ခေါ်ဖို့ သက်ဆိုင်ရာ သံရုံးတွေကတဆင့် ချိတ်ဆက်ပြီး လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။

“သူတို့ပြန်လာရင် နေဖို့ ဘုန်းကြီးကျောင်း လေးကျောင်းနဲ့ လှည်းကူးပညာရေးကောလိပ်ရယ် တော်ဝင်မြတ်လေး တည်းခိုဆောင်တွေကို စီစဉ်ပေးထားပါတယ်။အဲ့ဒီမှာမနေချင်လို့ ဟိုတယ်မှာနေချင်သူတွေအတွက်လည်း တစ်ရက် ကို တစ်ယောက်ခန်း ၃၀၀၀၀ နဲ့ နှစ်ယောက်ခန်း ၄၀၀၀၀ကျသင့်ပြီး နေလို့ရအောင်လည်း စီစဉ်ပေးထားပါတယ်။ ဟိုတယ်မှာဆိုရင်တော့ဒီပမာဏက နေစားငြိမ်းဖြစ်သွားပါပြီ။Facility Quarantine နေသူတွေကိုတော့ အချို့ ဘုန်းကြီးကျောင်းက ဆရာတော်တွေကို ကျွေးမွေးတာရှိသလို ရန်ကုန်တိုင်းအစိုးရဘက်ကလည်း စီစဉ်ပေးထားပါ တယ်။”လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

ဓာတ်ပုံ - Myanmar Embassy, Seoul

Facility Quarantine စီစဉ်ပေးထားတဲ့ ဘုန်းကြီးကျောင်းတွေကတော့ သဲအင်းဂူ ဘုန်းကြီးကျောင်း၊ ဓမ္မမာမက ဘုန်းကြီးကျောင်း၊ မြရွှေပင် ဘုန်းကြီးကျောင်း၊ဓမ္မရံသီဘုန်းကြီးကျောင်း၊တို့ ဖြစ်တယ်လို့သိရပါတယ်။

လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံကို ဧပြီလ ၃၀ရက်နေ့ညပိုင်းက ကိုရီးယားမှ လူ၉၀ကျော်လောက်စတင် ပြန်လည် ရောက်ရှိလာပြီ ဖြစ်သလို ဒီနေ့မေလ ၂ရက်နေ့မှာလည်း ဂျပန်နိုင်ငံက လေယာဉ်တစ်စင်း ဝင်ရောက်ဖို့ ရှိသေးတယ်လို့သိရပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က