• Featured

    အလုပ်တွေ နားထားရပေမယ့် ပရိသတ်တွေနဲ့ အဆက်မပြတ်သွားချင်ဘူးဆိုတဲ့ စိုးမြတ်သူဇာ

တစ်ခါပဲ Live လွှင့်ဖူးတယ်။

စိုးမြတ်သူဇာကတော့ သူမကို ချစ်တဲ့ ပရိသတ်တွေနဲ့ Live လွှင့်ပြီး စကားပြောခဲ့ရတဲ့ ခံစားချက်ကို အခုလို ပြောပြလာပါတယ်။ 

image

စိုးမြတ်သူဇာက သြဂုတ်လ(၁၁) ရက်နေ့က သူမရဲ့ Facebook စာမျက်နှာကနေတဆင့် Live လွှင့်ရင်း ပရိသတ်တွေနဲ့ စကားပြောခဲ့တာဖြစ်ပါတယ်။ ပထမဆုံးအကြိမ် Live လွှင့်ခဲ့ရတဲ့ ခံစားချက်ကိုလည်း မီဒီယာတွေကနေတဆင့် ပြောလာပါတယ်။ 

“ မကြီးက Live လည်း မလွှင့်တတ်ဖူးလေ။ သူတို့က နာမည်ခေါ်ပေးပါ ဆိုတာနဲ့ နာမည်တွေ ထိုင်ခေါ်ပေးနေရတာ ဆိုတော့ တစ်မျိုးပဲ။ သူတို့နဲ့ စကားပြောလို့ရရင်တော့ မဆိုးဘူး။ Comment တွေဆိုရင်လည်း တက်လာတဲ့ ဟာကိုပဲ မြင်ရတယ်။ တချို့ Comment တွေဆို မြင်လည်း မမြင်ရဘူး။ ဒါကြောင့် ကလေးတွေကိုလည်း ဘေးကနေ ကြည့်ခိုင်းထားရတယ်။ တော်ကြာ ကိုယ်နဲ့ သိတဲ့ သူတွေရဲ့ Comment တွေ မဖတ်မိရင် အားနာရတယ်” ဆိုပြီးတော့ ထာဝရဝိန့်စိန် ကြော်ငြာရိုက်ကွင်းမှာ ဖြေဆိုခဲ့ပါတယ်။ 

photo: Soe Myat Thu Zar

သရုပ်ဆောင် စိုးမြတ်သူဇာဟာ Covid ကာလမှာ အနုပညာအလုပ်တွေ ရပ်နားထားတာ ဖြစ်တဲ့ အတွက် ပရိသတ်နဲ့ အဆက်မပြတ်သွားချင်ဘူးလို့ ဆိုပါတယ်။ ဒီလို ကာလမှာ Social Media ကို အားကိုးမှ ပရိသတ်နဲ့ ဆုံရမှာဖြစ်တယ်လို့အခုလို ပြောပြလာပါတယ်။  

“ အခုလို Covid ကာလကြီးမှာ မကြီးလည်း ပရိသတ်တွေနဲ့ စကားပြောဖို့ လိုအပ်တယ်လို့ ထင်မိတယ်။ ဒါကြောင့် တချို့ အနုပညာရှင်တွေက Live လွှင့်နေကြတာ ဖြစ်မယ်။ တချို့တွေက ပြောကြတယ် Social Media ကို အားမကိုးပဲ ရှင်သန်နေကြတဲ့ နာမည်ကြီး အနုပညာရှင်တွေ အများကြီးပဲ။ မြန်မာနိုင်ငံမှာလည်း ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် အခုလို ကာလမှာတော့ ပရိသတ်တွေလည်း အိမ်မှာနေကြသလို ကိုယ်တွေလည်း အိမ်မှာနေရင်းနဲ့ ပရိသတ်တွေနဲ့ အဆက်မပြတ်သွားအောင် စကားတွေ ပြောလို့ရတာပေါ့။ မကြီးလည်း တစ်ခါပဲ Live လွှင့်ဖူးတယ်” လို့ ဆိုပါတယ်။ 

photo: Soe Myat Thu Zar

စိုးမြတ်သူဇာရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၄၀ ခန့်ရှိပြီဖြစ်ပါတယ်။ သူမဟာ လက်ရှိအချိန်အထိ ပရိသတ်အခိုင်အမာ ရရှိထားသူ တစ်ယောက်ပါ။ အနုပညာလောကထဲကိုတော့ ‘’ ဆုံရပ် ကန္တာရဝတီ’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်း ရိုက်ကူးရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။ ဒါကတော့ သူမအတွက် ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးပါ။ အဲဒီနောက် ၁၉၉၄ ခုနှစ်မှာ ‘’နော်ရင်မွှေး’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဆုံး အကယ်ဒမီဆုကို ရရှိပိုင်ဆိုင်ခဲ့သူပါ။




ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က