မို့မို့မြင့်အောင်က အလုပ်တွေမအားဖြစ်နေပေမယ့် We Love တစ်ဦးက လုပ်ပေးတဲ့ အလှူဒါနကြောင့် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ သူမနဲ့ We Love လေးတွေဟာ မကြာခဏဆိုသလို အလှူအတန်းတွေ လုပ်ဖြစ်ကြပါတယ်။
Photo: Moht Moht Myint Aung
မို့မို့မြင့်အောင်က ပရိသတ်တစ်ဦးက ပြုလုပ်ပေးတဲ့ အလှူဒါနလေးကြောင့် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ သူ့ရဲ့ ပရိသတ်တွေထဲက ကိုကျော်စွာမြင့်မို က ကျိုက်ထီးရိုးစေတီတော်ကြီးမှာ ‘’မမို့နဲ့ We Love များ ကောင်းမှု’’ ဆိုပြီးတော့ ခေါင်းလောင်းလေး လှူပေးခဲ့တာပါတဲ့။
‘’ချစ်ပရိသတ်ကြီးနှင် မို့အသဲ we love mmma တို့လွမ်းနေကြရောပေါ့ ။ မို့သြက်န်ရက် ခင်ပွန်းသည်အနားမှာ အချိန်ပေးနေရလို့ပါ။ အိမ်မှာပြုစုတဲ့လူနည်းနေလို့ ကိုယ်တိုင် အချိန်ပေးနေရလို့ပါ။ မို့ တင်ပေးစရာတွေရှိပါတယ်။ မေ လလောက်ပေါ့နော်။ အခုသင်္ကြန်အပြီး ကားရိုက်နဲ့ M G Tဝင်မှာမို့လို့ပါ။ နေ့ ညတွေရိုက်ရမှာမို့လိ့ုပါ။ ကျေးဇူးတင်စရာတခု ရေးပြခြင်လို့ တင်လိုက်တာပါ။ ကိုကျော်စွာမြင့်မိုရဲ့ အလှုလေးတခုဟာ မို့အပေါ်တင်မကဘူး မို့ကိုချစ်တဲ့ပရိသတ်ကိုပါ မို့နဲ့ထပ်တူ တန်ဘိုးထားချစ်ပေးနေတာတွေ့ရလို ကိုကျော်စွာကိုလည်း မို့လေးစားပြီး တန်ဘိုးထားပါတယ် သာဓု သာဓု သာဓု ပါ ကိုကျော်စွာမြင့်မို ရှင့်’’ ဆိုပြီးတော့ ဧပြီလ ၁၈ ရက်နေ့ ည ၈ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Moht Moht Myint Aung
မိ့ုမို့မြင့်အောင်နဲ့ သူမကိုချစ်ကြတဲ့ အမာခံပရိသတ်လေးတွေဟာ မကြာခဏဆိုသလို အလှူအတန်းတွေလုပ်၊ ပျော်ပျော်ပါးပါး တွေ့ဆုံဖြစ်ကြတာတွေရှိပါတယ်။ ဒီပရိသတ်လေးတွေကြောင့်လည်း သူမဟာ အမြဲတမ်း ပြုံးပျော်ရွှင်နေရသူတစ်ယောက်ပါ။ ဖေဖော်ဝါရီလ အတွင်းမှာကျရောက်ခဲ့တဲ့ မို့မို့မြင့်အောင်နဲ့ ခင်ပွန်းဖြစ်သူ တို့ရဲ့ အိမ်ထောင်သက် ၃၂ နှစ်ပြည့် အမှတ်တရ နေ့တုန်းကလည်း We Love လေးတွေ လုပ်ပေးတဲ့ Surprise ကြောင့် ပျော်ရွှင်ဝမ်းသာခဲ့တာကို တွေ့ရပါတယ်။
Photo: Moht Moht Myint Aung
မို့မို့မြင့်အောင်(Moht Moht Myint Aung)ဟာ ၁၉၈၀ ခုနှစ်က ‘’မွန်းတည့်ချိန်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ သူမ ရဲ့ အနုပညာသက်တမ်းကတော့ ၃၉ နှစ်ရှိပါပြီ။ အဲဒီနောက် အနုပညာ မှတ်တိုင် ဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ ၁၉၈၅ ခုနှစ်က ‘’နှလုံးသားမြို့တော်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ ဆု အဖြစ် ပထမဆုံးအကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၉ ခုနှစ်မှာ ‘’ခပ်စိမ်းစိမ်း နေပါမယ်’’ ရုပ်ရှင်ကား၊ ၁၉၉၁ ခုနှစ်မှာ ‘’ သမီးနှင့် အမေများ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၁၉၉၆ ခုနှစ်မှာ ‘’မသုဓမ္မစာရီ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၂၀၀၈ ခုနှစ်မှာတော့ ‘’မြင်းမိုရ်ထက်က သရဖူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။