• Featured

    ပရိသတ်တွေရဲ့ Surprise ကြောင့် ပျော်ရွှင်နေတဲ့ အေးမြတ်သူ

ဒီနေ့ (ဇွန်လ ၈ ရက်)က သူမရဲ့ မွေးနေ့ဖြစ်ပါတယ်။

အေးမြတ်သူဟာ သူမကို ချစ်ကြတဲ့ ပရိသတ်တွေကြောင့် မွေးနေ့မှာ မျှော်လင့်မထားတဲ့ ပျော်ရွှင်မှုတွေ ရခဲ့တယ်လို့ ဆိုပါတယ်။ 

image

ဒီနေ့ (ဇွန်လ ၈ ရက်) ဟာ သရုပ်ဆောင် အေးမြတ်သူရဲ့ မွေးနေ့ ဖြစ်ပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေရဲ့ Surprise ကြောင့်လည်း အရမ်းပျော်ရွှင်နေတာကို တွေ့ရပါတယ်။ 

“ ၁၁ နာရီလောက်ကတည်းက ပျော်နေရတာပါ။ အဲဒီလောက်အထိ ပျော်ရလိမ့်မယ်လို့လည်း မထင်ထားဘူး။ မွေးနေ့ဆုတောင်းပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်” ဆိုပြီးတော့ ဇွန်လ ၈ ရက်နေ့ မနက် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ Live လွှင့်ရင်းပြောခဲ့တာ ဖြစ်ပါတယ်။ "ဒီနေ့ အသက်၃၄နှစ်ပြည့်ပါတယ်ရှင့်.....စိတ်ပျော်ရွှင်အောင် ဖန်တီးပေးတဲ့ ချစ်သူ နဲ့ ချစ်ရသူတွေ အားလုံးကို အရမ်း ချစ်ရပါသည်" ဆိုပြီးတော့လည်း သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားထားပါသေးတယ်။ 

Photo: Aye Myat Thu

အေးမြတ်သူဟာ သူမကို Surprise လာလုပ်တဲ့ ပရိသတ်တွေနဲ့ အတူ Live လွှင့်ရင်း ပျော်ပျော်ရွှင်ရွှင် စနောက်ခဲ့ကြပါသေးတယ်။ သူမဟာ COVID-19 ကာလမှာ We Love Yangon ပရဟိတအဖွဲ့သားတွေနဲ့ အတူ အလှူအတန်းတွေ လုပ်ခဲ့ပါသေးတယ်။ လက်ရှိမှာလည်း " I Do Nation" အဖွဲ့သားတွေနဲ့ အတူ ရန်ကုန်မြို့အတွင်းမှာရှိတဲ့ ခေါင်းရွက် ဗျက်ထိုး ဈေးသည်တွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေမှာလည်း ပါဝင်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ 

Photo: Aye Myat Thu

အေးမြတ်သူ(Aye Myat Thu)ဟာ သရုပ်ဆောင် တစ်ယောက် မဖြစ်ခင်ကတည်းက ဈေးထဲမှာ အထည်ရောင်းခဲ့ရသူပါလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူမက အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်နေတဲ့ သရုပ်ဆောင်ဖြစ်ပြီး အနုပညာအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က