• ပိုက်ဆံအိတ်အတွင်း ထည့်ထားတဲ့ Galaxy Note 9 မီးလောင်မှု ဖြစ်ပွား

စက်တင်ဘာ ၃ ရက်နေ့က ဖြစ်ပွားခဲ့တာပါ

နယူးယော့ခ်မှ အမျိုးသမီးတစ်ဦးကတော့ သူမကိုင်တဲ့ ပိုက်ဆံအိတ်ထဲမှ Galaxy Note 9 မီးလောင်မှုကို တရားရုံးမှာ တိုင်ကြားလိုက်ပြီလို့သိရပါတယ်။

330049223_14.jpg

Photo: Ad Age

 

အိမ်ခြံမြေ အရောင်းကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒိုင်ယာနီချန်ဟာ စက်တင်ဘာလ ၃ ရက်နေ့က အသစ်စက်စက် ဝယ်ထားတဲ့ Galaxy Note 9 ဖုန်းသစ်ကို သုံးနေစဉ် အလွန်အမင်း ပူလာတာကြောင့် ဖုန်းဆက်မသုံးဘဲ ပိုက်ဆံအိတ်ထဲ ထည့်ထားခဲ့တယ်လို့တရားရုံးမှာ ထွက်ဆိုထားပါတယ်။ အဲဒီအချိန်မှာပဲ ပိုက်ဆံအိတ်ထဲကနေ တဂျစ်ဂျစ် အသံမည်လာပြီး မီးခိုးတွေ ထွက်လာခဲ့တယ်လို့ဆိုပါတယ်။

Queens တရားရုံးမှာ ထွက်ဆိုချက်အရ သူမဟာ မီးထ တောက်ခဲ့တဲ့ ဖုန်းကို ပိုက်ဆံအိတ်ထဲကနေ ဓါတ်လှေကားကြမ်းပြင်ပေါ် လွှင့်ပစ်ခဲ့တယ်လို့ဖော်ပြထားပါတယ် ။ ဖုန်းဟာ မီးဆက်လောင်ခဲ့ပြီး လမ်းသွားလမ်းလာတစ်ဦးကနေ ဖုန်းကို အဝတ်နဲ့ကောက်ပြီး ရေခွက်ထဲ ထည့်ခဲ့တယ်လို့ဆိုပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ကာယကံရှင်ဖြစ်တဲ့ Samsung ကုမ္ပဏီကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။ Samsung ဟာ သြဂုတ်လ ၉ ရက်နေ့ကမှ Bluetooth ချိတ်နိုင်တဲ့ S Pen သစ်နဲ့အတူ နာမည်ကြီး Galaxy Note 9 ကို မိတ်ဆက်ခဲ့တာပါ။

သြဂုတ်လ ၉ ရက် Galaxy Unpacked ပွဲမှာတော့ Samsung ရဲ့ မိုဘိုင်းလ်စီးပွားရေး အကြီးအကဲ ဖြစ်သူ DJ Koh ကတော့ "Galaxy Note 9 ရဲ့ ဘက်ထရီဟာ အရင့်အရင်ကထက် ပိုပြီး ဘေးကင်းပါတယ်။ သုံးစွဲသူများအနေနဲ့ဘက်ထရီနဲ့ပတ်သက်ပြီး ဘာမှ စိတ်ပူစရာ မရှိတော့ပါဘူး"လို့အာမခံခဲ့ပါတယ်။

Galaxy Note 8 မှာ 3300 mAh ဘက်ထရီထိပဲ သုံးခဲ့တဲ့ Samsung ဟာ Galaxy Note 9 မှာတော့ 4000 mAh ထိ သုံးလာပြီး Fast Wireless Charging စနစ်နဲ့လာပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၂ နှစ်က မီးလောင်ပေါက်ကွဲမှုတွေကြောင့် ဈေးကွက်က ရုပ်သိမ်းခဲ့ရတဲ့ Galaxy Note 7 အလွန် အကြီးဆုံး ဘက်ထရီစနစ်လည်း ဖြစ်ပါတယ်။

တစ်ချက်ကလည်း Samsung ဟာ Galaxy Note 7 နောက်ပိုင်းထွက် စမတ်ဖုန်းတွေမှာ ဘက်ထရီဘေးကင်းမှုကို အဆင့် ၈ ဆင့်နဲ့စမ်းသပ်စစ်ဆေးသွားမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။  ဒီအတွက်လည်း ဘက်ထရီပိုင်း လုံခြုံစိတ်ချရမှုကို တိုင်းတာ စစ်ဆေးဖို့ Samsung SDI ထဲမှာ ဝမ် ၁၅၀ ဘီလျံ (ဒေါ်လာ ၁၂၉ သန်း) ရင်းနှီးမြှပ်နှံထားတယ်လို့သိရပါတယ်။

Galaxy Note 7 မီးလောင်ခဲ့စဉ်က ( Photo: Cult of Mac)

 

Samsung ကတော့ နယူးယော့ခ်မှ Galaxy Note 9 မီးလောင်မှုကို စုံစမ်းသွားမယ်လို့ဆိုပါတယ်။ Samsung အနေနဲ့Galaxy Note 7 မီးလောင်ပေါက်ကွဲမှု ထမင်းလုံးတစ္ဆေကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။

Share

Loading Next Article...
က္က