ပိုချက်တီနိုရဲ့ အနာဂတ်က မသေမချာဖြစ်နေပါတယ်။

ရာသီသစ်အတွက် အသင်းကို အကောင်းဆုံးအင်အားဖြည့်တင်းမှုတွေ ပြုလုပ်ထားခဲ့ပေမယ့်လည်း ရလဒ်တွေဆိုးရွားနေခဲ့တာက ပိုချက်တီနိုအတွက် ဖိအားတွေရှိလာခဲ့ပါတယ်။


တော့တင်ဟမ်ဟော့စပါးအသင်းဟာ လက်ရှိနည်းပြပိုချက်တီနိုနေရာမှာ အစားထိုးဖို့ ချယ်လ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်နည်းပြဟောင်းမော်ရင်ဟိုကို ဆက်သွယ်နေတယ်လု့ိ သိရပါတယ်။ Soccer Link သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရတာဖြစ်ပြီး ပိုချက်တီနိုရဲ့စပါးနည်းပြအနာဂတ်က ပိုမိုပြီးလှုပ်ခတ်လာခဲ့ပြီလည်း ဖြစ်ပါတယ်။

ဒီရာသီမှာ ရလဒ်တွေဆိုးရွားနေခဲ့ပြီး ပရီးမီးယားလိဂ်ရှုံးပွဲ ၃ပွဲအထိ ရင်ဆိုင်ထားရသလို ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ၂ပွဲကစားအပြီးမှာလည်း စပါးက နိုင်ပွဲမရရှိသေးတာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ၇ ဂိုးအထိ ပေးခဲ့ရပြီး အရှက်ရဖွယ် အရေးနိမ့်ခဲ့သလို ဘရိုက်တန်ကိုလည်း ၃ဂိုးပြတ်နဲ့ ထပ်မံရှုံးနိမ့်ခဲ့ပြီးနောက် ပိုချက်တီနိုက အသင်းကထွက်ခွာမယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

ရာသီသစ်အတွက် အသင်းကို အကောင်းဆုံးအင်အားဖြည့်တင်းမှုတွေ ပြုလုပ်ထားခဲ့ပေမယ့်လည်း ရလဒ်တွေဆိုးရွားနေခဲ့တာက ပိုချက်တီနိုအတွက် ဖိအားတွေရှိလာခဲ့ပါတယ်။ အန်ဒွန်ဘီလီ၊ လိုဆယ်ဆို နဲ့ ဆက်ဆက်နွန်တို့ကို ခေါ်ယူခဲ့ပြီး ပေါင်သန်း ၁၅၀နီးပါးအထိ စပါးအသင်းက ပိုချက်တီနိုကို သုံးစွဲခွင့်ပြုထားခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟိုကတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလယ်ကတည်းက အသင်းလက်မဲ့ဖြစ်နေခဲ့သူဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့ပြီးနောက် ပြင်သစ်ကလပ်အသင်းတချို့ရဲ့ ကမ်းလှမ်းမှုတွေရှိခဲ့ပေမယ့်လည်း မော်ရင်ဟိုက ငြင်းဆန်ထားခဲ့ပါတယ်။ သူ့စိတ်ကြိုက်အသင်းတစ်သင်းကို ကိုင်တွယ်ဖို့ကိုသာ မော်ရင်ဟိုက ဆန္ဒရှိနေပြီး စပါးဘက်ကသာ ကမ်းလှမ်းခဲ့မယ်ဆိုပါက လက်ခံဖွယ်ရာလည်း ရှိနေပါတယ်။

Share

Loading Next Article...
က္က