• Featured

    Pixel 6 မှာ 23W wireless charging ပါမယ်လို့ သတင်းပေါက်ကြား

Pixel 6 ဗူးတွေမှာ Charger ထည့်လာမှာ မဟုတ်ဘူးလို့ သတင်းတွေ ထွက်နေပါတယ်

iPhone 13 အရင် တစ်ရက်ကြို မိတ်ဆက်မှုလုပ်သွားမယ့် Pixel 6 series ဟာ Android King လို့ သတ်မှတ်ခံရတဲ့ ဖုန်းတစ်လုံးအဖြစ် မြင်ရဖို့ရှိပါတယ်။ 

Google ဟာ Pixel 6 စီးရီးမှာ ထူးခြားတဲ့ အပြောင်းအလဲတွေ လုပ်ဆောင်လာမယ်လို့ မျှော်လင့်ရပါတယ်။ လောလောဆယ် Android Police သတင်းတစ်ပုဒ်မှာတော့ Google ဟာ Pixel ဖုန်းတွေအတွက် Wireless Charging Stand သစ်တစ်မျိုး ထုတ်နေတယ်လို့ ဖော်ပြထားပါတယ်။ ပေါက်ကြားလာတဲ့ ပုံအရ Google Pixel 23W WL Stand လို့ ပါရှိပါတယ်။ ဒီအတိုင်းဆို 23W ကြိုးမဲ့အားသွင်းနိုင်မယ့် charger တစ်မျိုးပါ Pixel 6 မိတ်ဆက်ပွဲမှာ ကြေညာသွားမယ်လို့ ခန့်မှန်းထားပါတယ်။ 

image


Photo: androidpolice

တကယ်လို့ Google အနေနဲ့ ဒီ Charging Stand ထုတ်ကုန်ကို မဖြန့်ချိဖြစ်ရင်တောင် Pixel 6 နဲ့ Pixel 6 Pro ဖုန်းတွေဟာ 23W Charging ပံ့ပိုးမှု ပါလာဖို့ ရှိပါတယ်။ ဒီသတင်းသာ မှန်မယ်ဆိုရင် Google ရဲ့ ကြိုးမဲ့အားသွင်းစနစ်သစ်ဟာ MagSafe charger နဲ့ အားသွင်းရတဲ့ iPhone 12 ရဲ့ 15W wireless charging ထက် အများကြီး မြန်မှာပါ။ 10W wireless charging ပေးထားတဲ့ Original Pixel Stand ထက်လည်း Charging speed ပိုမြန်မှာပါ။

23W wireless charging ရတယ်ဆိုရင်တောင် Pixel 6 ဖုန်းဗူးတွေမှာ Charging တုံး ပါလာဖို့ မရှိဘူးလို့လည်း သတင်းတွေထွက်နေပါတယ်။ iPhone 12 က စလိုက်တဲ့ Charging Accessory ဖြုတ်လိုက်တဲ့ Trend ဟာ အခုဆို iOS ရဲ့ ပြိုင်ဘက် အန်းဒရိုက်ဖုန်းကုမ္ပဏီကြီးတွေရဲ့ Flagship မော်ဒယ်တွေပေါ်ပါ ဩဇာလွှမ်းမိုးလာတာလို့ ဆိုနိုင်ပါတယ်။ Google Pixel ဖုန်းသစ်တွေမှာ key features အဖြစ် တခမ်းတနား ကြေညာသွားနိုင်တဲ့ နည်းပညာသစ်က SoC chip သစ်ပဲ ဖြစ်ပါတယ်။

Tensor SoC လို့ နာမည်ပေးထားတဲ့ ဒီ System on Chip ဟာ Google ရဲ့ ဒေတာစင်တာတွေမှာ သုံးတဲ့ Tensor Processing Units (TPUs) မျိုးဖြစ်ပြီး ဓါတ်ပုံနဲ့ video processing ပိုင်း ပိုကောင်းစေပြီး voice-to-speech နဲ့ ဘာသာပြန်ဆော့ဖ်ဝဲလ်ပိုင်းကိုလည်း အများကြီး အထောက်အကူပြုသွားမှာပါ။ Google ရဲ့ အတည်ပြုချက်အရ Tensor ဟာ မတူတဲ့ ဘာသာစကားတွေအကြား Real-Time တိုက်ရိုက်ဘာသာပြန်ပေးနိုင်မယ်လို့ ဆိုပါတယ်။ 

9To5 Google ရဲ့ သတင်းမှာ Tensor chip ကို Google ဟာ Samsung နဲ့ တွဲပြီး Whitechapel ဆိုတဲ့ codename အောက်မှာ ဖန်တီးခဲ့တာလို့လည်း ဖော်ပြထားပါတယ်။ ဒီ chip သစ်ဟာ Google ရဲ့ Titan M2 လုံခြုံရေးချပ်စ်နဲ့လည်း တွဲပြီး Security ပိုင်းကို အကောင်းဆုံးဖြစ်အောင် အထောက်အပံ့ပေးသွားမှာပါ။ Tensor ဆိုတာ Google ရဲ့ open-source TensorFlow machine learning (ML) ecosystem ကို ညွှန်းတာ ဖြစ်ပြီး TensorFlow ဟာ အားအကောင်းဆုံးနဲ့ နာမည်အကြီးဆုံး ML Programming Framework တစ်ခုလည်း ဖြစ်ပါတယ်။ 

Photo: notebookcheck

Pixel 6 ဖုန်းသစ်တွေနဲ့ ပတ်သက်ပြီး နောက်ထပ် အတည်ပြုထားတဲ့ အချက်တစ်ခုက ဒီဇိုင်းပိုင်း ဖြစ်ပါတယ်။ Pixel 6/6 Pro တို့ဟာ ကျောဘက်မှာ အလျားလိုက် ဘောင်ပြည့် ကင်မရာအိမ်တစ်ခု သုံးထားပြီး ရှေ့မှာ Punch-hole ကင်မရာပေါက်နဲ့ လာမှာပါ။ Pro မော်ဒယ်ဟာ ၆.၇ လက်မ QHD+ display နဲ့လာပြီး 120Hz refresh rate ပါမယ်လို့ ဆိုပါတယ်။ Screen ဟာ ဘောင်တွေဘက်ကို နည်းနည်းကွေးညွှတ်ထားပြီး အနောက်မှာ main sensor ၊ ultrawide sensor နဲ့ 4X Optical zoom ဆိုပြီး ကင်မရာသုံးလုံး သုံးလာဖို့ ရှိပါတယ်။ 

Pixel 6 ရိုးရိုးမော်ဒယ်ကတော့ Flat screen ဒီဇိုင်း သုံးထားပြီး ၆.၄ လက်မ FHD+ screen ၊ 90Hz refresh rate တို့ သုံးသွားမှာပါ။ ကျောဘက်ကင်မရာမှာ Telephoto Lens တော့ ပါမှာ မဟုတ်ဘူးလို့လည်း သတင်းတွေ ထွက်နေပါတယ်။ ဒီဖုန်းနှစ်မျိုးစလုံးဟာ in-display fingerprint sensor သုံးလာဖို့ ရှိပါတယ်။ Pixel 6 series ကိုတော့ iPhone 13 မိတ်ဆက်ပွဲထက် တစ်ရက်ဦးပြီး စက်တင်ဘာ ၁၃ ရက်နေ့ မိတ်ဆက်မယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က