Photo - Myjobs.com.mm
ပြပွဲကို လာရောက်ပြီး အလုပ်အကိုင် လျှောက်ထားသူတွေရဲ့ ဖုန်းထဲမှာ CV အသင့်ရှိရုံနဲ့ QR Code System အသုံးပြုပြီး အလုပ်အကိုင်တွေကို Online မှ တိုက်ရိုက်လျှောက်ထားနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ ပြပွဲအတွင်း MyJobs CV Help Centre ထားရှိပြီး အလုပ်အကိုင် လာရောက်လျှောက်ထားသူတွေကို QR Code System အသုံးပြုနည်း၊ လျှောက်ထားနည်းများ ပြောပြပြီး လိုအပ်တဲ့ အကူအညီတွေ ပေးသွားမှာ ဖြစ်ပါတယ်။
ဒီ Job Fair မှာ Brainworks Integrated School, CB Bank, Gold AYA Motors International Group တွေ အပါအဝင် ကုမ္ပဏီ (၃၀) ကျော်တွေက ခေါ်ယူနေတဲ့ အလုပ်အကိုင်ပေါင်း (၅၀၀) ကျော်ကို ပါဝင်ပြသသွားမှာ ဖြစ်ပါတယ်။ပြပွဲကျင်းပနေစဉ်အတွင်း အလုပ်အကိုင်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို ခေါင်းစဉ်အလိုက် Blue Ocean Investment မှ Chief Officer ဦးဝင်းကိုကိုအောင်၊ MY SPORTS မှ Senior Marketing Communication Manager ဒေါ်ဆင့်စန္ဒာ၊ Shop.com.mm မှ HR Director ဒေါ်ရည်မွန်ကျော် တို့က ဟောပြောဆွေးနွေးပေးသွားမယ်လို့ သိရပါတယ်။
နယ်ပယ်အမျိုးမျိုးက ကုမ္ပဏီတွေက အလုပ်အကိုင်ပေါင်းများစွာကို ပါဝင်ပြသသွားမှာ ဖြစ်ပြီး MyJobs.com.mm ကနေကျင်းပတဲ့ ပထမဆုံး Yangon Digital CV Job Fair လည်း ဖြစ်ပါတယ်။