• ပထမဆုံးတွေနဲ့ လက်စတာစီးတီးအသင်းကို အနိုင်ရရှိခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

လုခ်ရှော ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ယနေ့နံနက် ၁ နာရီ ၃၀ မိနစ်အချိန်မှာ ၂၀၁၈-၂၀၁၉ ရာသီ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လက်စတာစီးတီးအသင်းတို့ရဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

1533928002585_lc_galleryImage_MANCHESTER_ENGLAND_AUGUST (1).JPG

ပထမပိုင်းစတင်ပြီး ၃ မိနစ်မှာပဲ ပင်နယ်တီဧရိယာထဲမှာ လက်စတာစီးတီးနောက်ခံကစားသမား အမာတေး ဘောလုံးကို လက်နဲ့ထိခဲ့တဲ့အတွက် ကွင်းလယ်ဒိုင်က ပင်နယ်တီပြစ်ဒဏ်ဘော သတ်မှတ်ပေးခဲ့ပြီး ပေါ့ဂ်ဘာက အမှားအယွင်းမရှိ ကန်သွင်းယူပြီး မန်ချက်စတာယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်း ရရှိခဲ့တဲ့ပင်နယ်တီပြစ်ဒဏ်ဘောဟာ ၂၀၁၈-၂၀၁၉ ပရီးမီးယားလိဂ်ဘောလုံးရာသီရဲ့ ပထမဆုံးသော ပင်နယ်တီပြစ်ဒဏ်ဘောဖြစ်ပြီး ပေါ့ဂ်ဘာက သက်တောင့်သက်သာ ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ကစားကွက် ပုံဖော်နိုင်ခဲ့ခြင်းမရှိဘဲ လက်စတာစီးတီးအသင်းရဲ့ တိုက်စစ်ဆင်မှုကို ကာကွယ်နေခဲ့ရတာကို တွေ့ရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့နောက်ခံကစားသမား အဲရစ်ဘိုင်လီနဲ့ ဂိုးသမား ဒီဂီယာတို့ အကောင်းဆုံးပုံစံ ပြသနိုင်ခဲ့တာကြောင့် ချေပဂိုးတွေ ခွင့်မပြုခဲ့ရတာဖြစ်ပါတယ်။

 

ဒုတိယပိုင်းမှာလည်း မန်ချက်စတာယူနိုက်တက်အသင်းက ကစားပုံသိသိသာသာ ကောင်းမွန်လာခဲ့ခြင်းမရှိဘဲ ဆန်းချက်ဇ်နဲ့ ဖရက်ဒ်တို့ ဘောလုံးပေးပို့ရာမှာ မကြာခဏလွဲချော်နေတာကို တွေ့ရပါတယ်။ ၈၃ မိနစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံကစားသမား လုခ်ရှောဟာ မာတာနဲ့တွဲဖက်ပြီး လက်စတာစီးတီးအသင်းရဲ့ ပင်နယ်တီဧရိယာထဲမှာ အနီးကပ်ကန်သွင်းယူပြီး မန်ချက်စတာယူနိုက်တက်အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ လုခ်ရှောဟာ ကစားသမားဘဝတစ်လျှောက် ပထမဆုံး သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး ယင်းဂိုးဟာ လုခ်ရှောအတွက် ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ အထောက်အပံ့ကောင်းတစ်ခု ဖြစ်လာခဲ့တာဖြစ်ပါတယ်။

လက်စတာစီးတီးအသင်းဟာ ချေပဂိုး ရရှိဖို့ အစွမ်းကုန်ကြိုးပမ်းခဲ့ပြီး ပွဲကစားချိန် မိနစ် ၉၀ ပြည့်မြောက်လို့ နာကျင်အချိန်ပို ၄ မိနစ် သတ်မှတ်ပေးခဲ့ရာမှာ လက်စတာစီးတီးအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို လူစားဝင်ကစားခဲ့တဲ့ တိုက်စစ်မှူး ဗာဒီက ၉၂ မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ အီယန်နာချို ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးဟာ တိုင်နဲ့ထိထွက်လာခဲ့ရာမှာ ဗာဒီက လျှပ်တပြက်ခေါင်းတိုက်သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က