ဒါလော့က အသင်းဟောင်းကို အံ့အားသင့်ဖွယ် လက်ဆောင်ပေးအပ်ခဲ့တာပါ။

ဒါလော့ဟာ ကလေးဘဝမှာ ဖင်တက်စ်အသင်းမှာ ကစားခဲ့သူဖြစ်ပြီး (၉)နှစ်အရွယ်မှာမှ ဖင်တက်စ်ကနေ ပေါ်တိုကို ပြောင်းရွှေ့သွားခဲ့သူ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူ ဒီအိုဂိုဒါလော့ဟာ သူ့ရဲ့ ကလပ်အသင်းဟောင်းဖြစ်တဲ့ ဖင်တက်စ်အသင်းအတွက် ဘတ်စ်ကားအသစ်တစ်စီးကို ယူနိုက်တက်ကစားသမားဘဝမှာ ပထမဆုံးရရှိခဲ့တဲ့ လုပ်ခလစာငွေနဲ့ ဝယ်ယူပေးခဲ့တယ်လို့ သိရပါတယ်။ ဒါလော့ဟာ ကလေးဘဝမှာ ဖင်တက်စ်အသင်းမှာ ကစားခဲ့သူဖြစ်ပြီး (၉)နှစ်အရွယ်မှာမှ ဖင်တက်စ်ကနေ ပေါ်တိုကို ပြောင်းရွှေ့သွားခဲ့သူ ဖြစ်ပါတယ်။



သူ့ရဲ့ ကစားသမားဘဝစတင်ဖို့အတွက် အစပြုခဲ့တဲ့ ကလပ်အသင်းအပေါ် ဒါလော့က ပြန်လည်ကျေးဇူးဆပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဖင်တက်စ်ကနေ ပေါ်တိုကို ပြောင်းရွှေ့ခဲ့အပြီး ဒါလော့ဟာ ဥရောပရဲ့ အကောင်းဆုံးနောက်ခံလူတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပြိး

မန်ချက်စတာယူနိုက်တက်အသင်းကို ပြီးခဲ့တဲ့ နွေရာသီမှာ ပေါင် (၁၉)သန်းနဲ့ ပြောင်းရွှေ့နိုင်ခဲ့ပါတယ်။

ယူနိုက်တက်ကစားသမားဘဝအစောပိုင်းမှာ ဒါလော့က ဒဏ်ရာကြောင့် အခက်တွေ့ခဲ့ရပေမယ့်လည်း ဒဏ်ရာက သက်သာလာပြီးနောက် အသင်းကြီးအတွက် ပါဝင်ကစားပေးခွင့် ရရှိခဲ့ပါတယ်။ ဒါ့အပြင် အသင်းခေါင်းဆောင်ဗလန်စီယာကလည်း စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပြီး အခြားကစားသမားဖြစ်တဲ့ အက်ရှ်လေယန်းကလည်း လာမယ့်နွေရာသိမှာ အသက် (၃၄)နှစ် ပြည့်တော့မှာမို့ ဒါလော့ကို ယူနိုက်တက်ရဲ့ အဓိကကစားသမားအဖြစ် လာမယ့်နှစ်တွေမှာ မြင်တွေ့ရဖွယ်လည်း ရှိနေပါတယ်။

"ကျွန်တော်တို့ ဒါလော့နဲ့ Skype ကတဆင့် စကားပြောခဲ့ရပါတယ်၊ သူက ကျွန်တော်တို့ကို အပြင်ထွက်ကြည့်ဖို့ ပြောခဲ့ပါတယ်၊ အဲဒီမှာ အသင်းအတွက် ဘတ်စ်ကားအသစ်တစ်စီးကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်၊ ဒါကတကယ့်ကို ရှော့ခ်ဖြစ်စေတဲ့ အရာပါ၊ သူက အားလုံးကို ပိပိရိရိနဲ့ လျှို့ဝှက်ပြီး လုပ်ဆောင်ခဲ့တာပါ၊ အင်္ဂလန်မှာ ပထမဆုံးရရှိခဲ့တဲ့ လစာငွေကို စုဆောင်းပြီး အသင်းအတွက် သူက အံ့အားသင့်စရာ လက်ဆောင်ကို ပေးခဲ့ပါတယ်" လို့ ဖင်တက်စ်အသင်းရဲ့ တာဝန်ရှိသူ လူးဝစ္စထရာဗက်ဆော့က ပြောဆိုခဲ့ပါတယ်။

"ကျွန်တော်တို့ အဖွဲ့အစည်းက ဘဏ္ဍာရေးပြသနာအများကြီး ရင်ဆိုင်နေရတာပါ၊ ဒီအတွက် အကူအညီအထောက်အပံ့နည်းနည်းလေး ရလိုက်တာကပဲ ကြီးမားတဲ့ လက်ဆောင်တစ်ခု ဖြစ်လာခဲ့ပါတယ်၊ ကျွန်တော်တို့ ရရှိမယ့် အကူအညီသေးသေးလေးတိုင်းက အသင်းအတွက်တော့ တကယ်ကို အံ့အားသင့်ဖို့ကောင်းပါတယ်" လို့ ဗက်ဆော့က ပြောကြားခဲ့တယ်လို့ Goal.com က ဖော်ပြသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က