စပါးပရိသတ်တွေကတော့ ချဲလ်ဆီးအသင်းနဲ့အတူ အောင်မြင်ခဲ့တဲ့ နည်းပြ မော်ရင်ဟိုကို သဘောကျနေကြ တယ်လို့ သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြဟောင်း မော်ရင်ဟိုကို လက်ရှိ စပါးအသင်းနည်းပြ ပွန်ချက်တီနို နေရာမှာ အစားထိုးသွားမယ်လို့ Metro.com သတင်းဌာနက ဖော်ပြလာပါတယ်။
Daily Mail ရဲ့ ဖော်ပြချက်အရ ပွန်ချက်တီနိုအနေနဲ့ ဆိုးရွားတဲ့ ရလဒ်တွေကြောင့် အသင်းကနေ ထုတ်ပယ်ခံ တော့မယ်လို့ သိရပါတယ်။
လက်ရှိ မော်ရင်ဟိုကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက ယူနိုက်တက်နဲ့လမ်းခွဲအပြီး အလုပ်လက်မဲ့ ဖြစ်နေသူပါ။
ဒီကြားထဲမှာ ပေါ်တူဂီ ကလပ် ဘင်ဖီကာ အသင်းနဲ့ တရုတ်ကလပ်တွေက ကြေးကြီးပေးပြီး ကမ်းလှမ်းခဲ့ပေမယ့် မော်ရင်ဟိုက ငြင်းပယ်ထားတာပါ။
စပါးအသင်းပရိသတ်တွေကတော့ ချဲလ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဆုဖလား ၃ ကြိမ်ရယူထားဖူးတဲ့ နည်းပြ မော်ရင်ဟိုကို သဘောကျလျက်ရှိနေပါတယ်။
လက်ရှိမှာတော့မော်ရင်ဟိုက Sky Sports ရုပ်သံလိုင်းမှာ အားကစား သုံးသပ်သူအဖြစ် လုပ်ကိုင်နေပြီး နည်းပြ လောကထဲ ပြန်ဝင်ဖို့ အလျင်မလိုဘူးလို့ ဖြေထားတာလည်း ရှိပါတယ်။