ရလဒ်တွေ မတည်မငြိမ်ဖြစ်နေတဲ့ နည်းပြ ဇီဒန်းနဲ့ လမ်းခွဲခဲ့ရင် ပွန်ချက်တီနိုက ထိပ်ဆုံးက ဦးစားပေး ခေါ်ယူမယ့် နည်းပြဖြစ်သလို စတားလင်းကိုလည်း ခေါ်ယူသွားဖို့ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
စပိန်သတင်းဌာနတစ်ခုဖြစ်တဲ့ El Mundo သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲအသင်းဟာ စပါးနည်းပြ ပွန်ချက် တီနိုနဲ့ မန်စီးတီး တိုက်စစ်မှူး စတားလင်းတို့ကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
ပွန်ချက်တီနိုကတော့ စပါးအသင်းမှာ အထင်ကြီးစရာ စွမ်းဆောင်ရည်တွေ လုပ်ပြနိုင်လာကတည်းက နှစ်စဉ် အသင်းပြောင်းတော့မယ်လို့ သတင်းထွက်ပေါ်နေသူပါ။
ဒီအချိန်မှာတော့ ရလဒ်ဆိုးတွေရရှိနေတဲ့ ရီးရဲအသင်းအနေနဲ့ တစ်ကျော့ပြန် နည်းပြ ဇီဒန်းရဲ့ နေရာမှာ အစားထိုးဖို့ ပွန်ချက်တီနိုကို စောင့်ကြည့်နေပြီလို့ သတင်းထွက်ပေါ်လာတာပါ။
အခြားသတင်းဌာနတစ်ခုဖြစ်တဲ့ Mirror သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ ရီးရဲအနေနဲ့ ပွန်ချက်တီနိုကို အသိပေးပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။
ဖော်ပြချက်အရ ရီးရဲအနေနဲ့ ဇီဒန်းကိုသာ လမ်းခွဲခဲ့ရင် ပွန်ချက်တီနိုက ဦးစားပေးခေါ်ယူမယ့် နည်းပြလို့လည်း သိရတာပါ။
ရီးရဲအနေနဲ့ ပြီးခဲ့တဲ့ ဆီဗီလာနဲ့ အဝေးကွင်းပွဲမှာ ဝ-၁ နဲ့ အနိုင်ရခဲ့လို့ ထိပ်ဆုံးက ဘီဘာအိုနဲ့ ရမှတ်တူ အဆင့် ၂ မှာရပ်တည်နေပေမယ့် ချန်ပီယံလိဂ် အဖွင့်မှာတော့ ပီအက်စ်ဂျီကို ၃-၀ နဲ့ အရေးနိမ့်ခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ရီးရဲအနေနဲ့ မန်စီးတီးက စတားလင်းကို ခေါ်ယူဖို့လည်း ကြိုးပမ်း နေတယ်လို့ိသိရပေမယ့် မန်စီးတီးကတော့ စတားလင်းအသင်းမှာ ဆက်နေမယ်လို့ ယုံကြည်မှု အပြည့်ရှိနေပါ တယ်။
ရီးရဲအသင်းအနေနဲ့ ငွေကြေးများစွာ သုံးစွဲပြီး နည်းပြနဲ့ ကစားသမားတွေကိုခေါ်ယူစာချုပ်ချုပ်ဆိုနေတဲ့ အသင်းတစ်သင်းဖြစ်ပြီး ယခင်နဲ့ လက်ရှိမှာလည်း အလားတူ စွမ်းဆောင်မှုတွေ ပြုလုပ်ထားတာကြောင့် လာမယ့် ဇန်နဝါရီဈေးကွက်ကလည်း စိတ်လှုပ်ရှားမှု အပြည့်ပေးဦးမှာပါ။