၁၂ ရက်အားခံတဲ့ ဘက်ထရီနဲ့လာပါ

သွေးတွင်းအောက်ဆီဂျင်တိုင်းနိုင်မယ့် SpO2 sensor ပါ တန်ဖိုးသင့် Redmi စမတ်နာရီကို ကြေညာလိုက်ပါတယ်။

Xiaomi Redmi Watch 2 မှာ အရင်မော်ဒယ်ထက် ဘေးဘောင် bezel ပိုပါးလာပြီး Screen Size ကို ၁.၄ လက်မကနေ ၁.၆ လက်မအထိ မြှင့်လာပါတယ်။ Redmi Watch မှာ IPS LCD panel သုံးခဲ့ပြီး Redmi Watch 2 မှာ AMOLED panel နဲ့ ထွက်လာတာ ဖြစ်ပါတယ်။ Screen ပိုရှည်မျောမျော ဖြစ်လာပြီး ရုပ်ထွက် Resolution လည်း 320 x320px ရှိလာတယ်လို့ ကုမ္ပဏီက ကြေညာပါတယ်။ 




Photo: GSMArena

Redmi Watch 2 သစ်ဟာ တစ်ခါအားသွင်းထားရင် ၁၂ ရက်အထိ အားခံပြိး အားသွင်းတာကို သံလိုက် magnetic connector နဲ့အားသွင်းနိုင်မယ်လို့ ဆိုပါတယ်။ processor အနေနဲ့ Apollo 3.5 chipset သုံးထားပြီး ရေကူးတာအပါအဝင် sports modes ၁၁၇ မျိုးအထိ support ပေးထားပါတယ်။ နာရီကိုယ်ထည်ဟာ ရေအနက် မီတာ ၅၀ အထိ ရေစိမ်ခံနိုင်တဲ့ 5 ATM ရေစိုခံစနစ် ပံ့ပိုးထားပါတယ်။

outdoor ပြေးတာ ၊ Workout လုပ်တာတွေအတွက် GPS ၊ GLONASS ၊ Galileo နဲ့ BeiDou ဆိုပြီး တည်နေရာပြစနစ် ၄ မျိုးအထိ Support ပေးလာသလို NFC ချိတ်ဆက်မှုလည်း ပါဝင်လာပါတယ်။ ဘက်ထရီအားပိုကောင်းလာပြီး Display ပိုကြီးလာပေမယ့် နာရီအလေးချိန် ၄ ဂရမ် ပိုနည်းလာပြီး ၃၁ ဂရမ်အလေးချိန်ပဲ ရှိမယ်လို့ ဆိုပါတယ်။ Redmi Watch 2 မှာ ပုံမှန်အိပ်စက်မှု ခြေရာခံစနစ်နဲ့ နှလုံးခုန်တိုင်းစနစ် အပြင် သွေးတွင်းအောက်ဆီဂျင်တိုင်းနိုင်မယ့် SpO2 sensor ပါ ပါရှိပါတယ်။

Redmi Watch 2 ကို ဘော်ဒီအရောင် ၃ မျိုး ၊ နာရီလက်ပတ်ကြိုး ၆ မျိုးနဲ့ ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပြီး ဈေးနှုန်း ယွမ် ၄၀၀ (မြန်မာငွေ ၁ သိန်း ၂ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က