triple lens စနစ် သုံးထားပါတယ်

Huawei ရဲ့ mid-ranger သစ် Huawei Y9s ဟာ လူငယ်ကြိုက် ခပ်ဆန်းဆန်းဒီဇိုင်းနဲ့ ထွက်လာပြီ ဖြစ်ပါတယ်။

Huawei Y9s ဟာ Honor 9X Pro ကို ပြန်ပြီး Rebrand ထုတ်ထားတဲ့ ဖုန်းဖြစ်ပြီး Kirin 810 SoC အစား Kirin 710F SoC သုံးလာတာပါ။ ဒီဇိုင်းပိုင်းမှာ notch-less display လို့ခေါ်တဲ့ ဘောင်ပျောက် screen နဲ့ လာပြီး Midnight Black ကာလာနဲ့ ကြည့်တဲ့ ထောင့်ချိုးအလိုက် အရောင်ပြောင်းနိုင်တဲ့ Breathing Crystal ကာလာ ၂ ရောင် ထွက်ပါတယ်။

Photo: GSMArena


Huawei Y9s ဟာ မျက်နှာပြင် ၆.၅၉ လက်မ FHD+ Ultra FullView Display နဲ့လာပြီး ညာဘက်ဘေးဘောင်မှာ အသံတိုး/လျှော့ နဲ့ ပါဝါခလုတ် သုံးထားပါတယ်။ fingerprint ဟာ ပါဝါခလုတ်ထဲမှာ တစ်ခါတည်း ထည့်သွင်းထားတာ ဖြစ်လို့ ဖုန်းလော့ခ်ဖွင့်ချိန် လက်ဗွေစနစ် သုံးမယ်ဆိုရင် ပါဝါခလုတ်ကိုပဲ အားကိုးရမှာပါ။

ဘက်ထရီပါဝါဟာ 4000 mAh ဖြစ်ပြီး USB Type C Port ကနေတစ်ဆင့် 10W charging နှုန်းနဲ့ အားသွင်းနိုင်ပါတယ်။ RAM 6GB/storage 128GB နဲ့ ထွက်ထားပြီး microSD card slot ကနေ 512GB အထိ ထပ်တိုးနိုင်မှာပါ။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 9 Pie ကို အခြေခံထားတဲ့ EMUI 9.1 စနစ်နဲ့ လာပါတယ်။

ဒီဖုန်းမှာ 16MP pop-up selfie ကင်မရာ သုံးထားပြီး ကျောဘက်မှာ ထောင်လိုက် သုံးလုံးတန်း Triple lens တွေအဖြစ် 48MP main sensor ၊ 8MP ultrawide နဲ့ 2MP depth sensor တို့ ပါရှိပါတယ်။ အီရတ်မှာ Huawei Y9s ကို ၂၃၉ ဒေါ်လာ ( မြန်မာငွေ ၃ သိန်း ၆ သောင်းနီးပါး) ဈေးနဲ့ရောင်းချသွားမှာပါ။

Share

Loading Next Article...
က္က