ထိခိုက်ဒဏ်ရာရရှိသူတစ်ဦး တစ်ယောက်မှမရှိခဲ့ဘူးလို့ အဲဒီထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

မေလ၊ ၅ ရက်နေ့က ဒဂုံဆိပ်ကမ်း၊ စက်မှုဇုန်ရှိ Premium Distribution သိုလှောင်ရုံမီးလောင်မှုနဲ့ပတ်သက်ပြီး အဆိုပါကုမ္ပဏီမှ သတင်းထုတ်ပြန်ချက်တစ်ရပ်ထုတ်ပြန်လိုက်ပါတယ်။

မေလ၊ ၅ ရက်၊ မွန်းလွဲ ၁၂ နာရီခန့်မှာ Premium Distribution သိုလှောင်ရုံမီးလောင်ခဲ့မှုမှာ ထိခိုက်ဒဏ်ရာရရှိသူတစ်ဦး တစ်ယောက်မှမရှိခဲ့ဘူးလို့ အဲဒီထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်းနဲ့ မီးဘေးအန္တရာယ်ကို အမြန်ဆုံးတားဆီးပေးခဲ့တဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်၊ မီးသတ်တပ်ဖွဲ့ကို ကျေးဇူးတင်ကြောင်းလည်း Premium Distribution ကထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ မီးလောင်မှုဖြစ်ပွားရတဲ့အကြောင်းရင်းကို သက်ဆိုင်ရာအာဏာပိုင်များနဲ့ပူးပေါင်းကာ စုံစမ်းစစ်ဆေးလျက်ရှိ ပြီး လိုအပ်တဲ့ပြင်ဆင်မှုတွေ ပြုလုပ်သွားဖို့ စီစဉ်နေကြောင်းသိရပါတယ်။

မီးလောင်မှုဖြစ်ပွားခဲ့တဲ့ သိုလှောင်ရုံမှာ Premium Distribution ရဲ့ထုတ်ကုန်တွေနဲ့ နေ့စဉ်သုံးပစ္စည်းတွေ သိုလှောင်ထားရှိပြီး ပျက်စီးဆုံးရှုံးမှုကြီးမားခဲ့ပေမယ့် အေးခဲစားသောက်ကုန်တွေကတော့ ထိခိုက်ပျက်စီးမှု မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

ပျက်စီးဆုံးရှုံးမှုများခဲ့ပေမယ့် ၄င်းတို့ရဲ့ ကုန်ပစ္စည်းတွေကို ရောင်းချပေးနေတဲ့ လက်လီစတိုးဆိုင်တွေနဲ့ B2B လုပ်ငန်းတွေ အပေါ်သက်ရောက်မှုအနည်းဆုံးဖြစ်စေဖို့အတွက် supplier များ ၊ partner များ၊ customer များ အပါအဝင် stakeholder များအားလုံးနဲ့လက်တွဲဆောင်ရွက်သွားမယ်လို့ Premium Distribution ကထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာတော့ Premium Distribution ဟာ ကုန်ပစ္စည်းများလက်ခံရန်နဲ့ သိုလှောင်ရန် အခြားအစီအစဉ်နဲ့ ပြင်ဆင်ထားပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အမြန်ဆုံးအစပြုသွားဖို့ဆောင်ရွက်လျက်ရှိပါတယ်။

(ဒီသတင်းကို Premium Distribution မှပံ့ပိုးကူညီထားပါတယ်)

Share

Loading Next Article...
က္က