ဓါတ်ပုံကို Virtual ဈေးဝယ်စရာနေရာအဖြစ် ပြောင်းနိုင်တော့မယ်

Facebook ဟာ ဘီလျံနဲ့ ချီတဲ့ ကုန်ပစ္စည်း အမျိုးအစား ၊ ပုံစံ ၊ ဝယ်ယူနိုင်မယ့် နေရာ စတဲ့ အချက်အလက်အားလုံးကို သိရှိနိုင်တဲ့ AI system တစ်မျိုးအကြောင်း ကြေညာလိုက်ပါတယ်။ 

GrokNet ကွန်ပျူတာအမြင်အာရုံစနစ်ဟာ ရိုက်ကူးလိုက်တဲ့ ကုန်ပစ္စည်းပုံတိုင်းကို ဈေးဝယ်လို့ရနိုင်မယ့် ပုံရိပ်ယောင်အချက်အလက်တွေအဖြစ် ပြောင်းလဲပေးတဲ့ AI နည်းပညာ ဖြစ်ပါတယ်။ Universal Product Recognition Model လို့ ခေါ်တဲ့ ဒီ model ဟာ AI နည်းပညာသုံးပြီး ပရိဘောဂ ၊ ဖက်ရှင်အဝတ်အစားတွေကနေ ကားတွေအထိ လူသုံးကုန်ပစ္စည်းတွေကို အမျိုးအမည် ခွဲခြားပေးနိုင်မယ်လို့ The Verge က ဆိုပါတယ်။



Photo: The Verge

ဒီနည်းပညာဟာ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်ပေါ်မှာ ရှိသမျှ ဓါတ်ပုံတိုင်းမှာ ပါတဲ့ ရောင်းကုန်တွေရဲ့ အမျိုးအစားနဲ့ ဝယ်ယူနိုင်တဲ့ နေရာကို ညွှန်းနိုင်တဲ့ နည်းပညာတစ်ခု ဖြစ်လာမှာပါ။ထုတ်ကုန်အမယ်မျိုးစုံ သိရှိနိုင်တဲ့ နည်းပညာဟာ မဝေးလှတဲ့ အနာဂါတ်မှာ ကုမ္ပဏီရဲ့ e-Commerce ပလက်ဖောင်းပေါ် ‌ရောက်လာမယ့် AI နည်းပညာသုံး update features တွေထဲက ပထမဆုံးတစ်ခု ဖြစ်တယ်လို့ Facebook က ဆိုပါတယ်။

'"Clueless ဆိုတဲ့ ရုပ်ရှင်ကား ကြည့်ပြီးကတည်းက ဒါမျိုးတစ်ခု တည်ဆောက်ချင်ခဲ့တာပါ။" လို့ Facebook သုတေသနသိပ္ပံပညာရှင် တာမာရာဘာ့ဂ်က The Verge ကို ပြောပါတယ်။ "၁၉၉၅ ခုနှစ်ကတည်းက ဒါတွေအားလုံးကို သူတို့ စိတ်ကူးယဉ်ခဲ့တာ ဖြစ်ပြီး အခုနည်းပညာက လူတွေထဲ တကယ်ရောက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ "


GrokNet ဟာ ဓါတ်ပုံတိုင်းကို ပုံရိပ်ယောင် ဝယ်ယူမှု လုပ်နိုင်အောင် ရည်ရွယ်ပြီး ဒီဇိုင်းထုတ်ထားတာပါ။ ဒီ နည်းပညာဟာ ဝယ်သူ/ရောင်းသူ နှစ်ဦးစလုံးအတွက် Marketplace features သစ်တွေမှာ ပံ့ပိုးမှု ပေးသွားမှာပါ။ ကုမ္ပဏီအနေနဲ့ ဓါတ်ပုံတွေကနေ ဈေးဝယ်လို့ ရစေဖို့ Facebook pages ပေါ်ကနေ ထုတ်ကုန်တွေကို အလိုအလျောက် tagging လုပ်တဲ့ စနစ်စမ်းသပ်နေတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် Marketplace ပေါ်က ပစ္စည်းစာရင်းကို ထောင့်ပေါင်းစုံ မြင်ကွင်းကျယ် Views တွေ ဖြစ်စေဖို့ ဖုန်းကင်မရာနဲ့ နည်းပညာမြင့် 3D လုပ်ဆောင်ချက်တွေ လုပ်ဆောင်ပေးမယ့် Rotating View နည်းပညာလည်း မိတ်ဆက်ထားတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က