မတ်လ ၂၇ ရက်မှာ စတင်မှာပါ။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီး ငြိမ်းချမ်းရေးဆိုင်ကယ်စီး ခရီးစဉ်ကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်သွားတော့မယ်လို့ သိရပါတယ်။

Photo- Peace Bike Tour

ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေတဲ့ ပြည်တွင်းစစ်အဆုံးသတ်ပြီး ငြိမ်းချမ်းရေးအတွက် ဆိုင်ကယ်စီး ဝါသနာပါသူတွေ စုပေါင်းပြီး တစ်ထောင့်တစ်နေရာက ပါဝင်အားဖြည့်တာ ဖြစ်တယ်လို့ အဆိုပါ ခရီးစဉ်ကိုစီစဉ်သူ Peace Bike Tour မှ ဦးဆောင်သူ ကိုသက်ဆွေဝင်းက Duwun ကိုပြောပါတယ်။



အဆိုပါ ခရီးစဉ်ဟာ မတ်လ ၂၇ ရက်မှာ စတင်မှာဖြစ်ပြီး ရန်ကုန်ကနေ စတင်ထွက်ခွာကာ လွိုင်ကော်၊ တောင်ကြီး၊ လားရှိုး၊ပြင်ဦးလွင်နဲ့ မန္တလေး မြို့တို့ကိုသွားရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ ခရီးစဉ်က ၈ ရက်ကြာပါမယ်။ ခရီးစဉ်တစ်လျှောက်က နယ်မြို့တွေကို သွားမှာပါ။ ပြင်ဦးလွင်မှာ ဂိတ်ဆုံးပါမယ်။ ငြိမ်းချမ်းရေးကို မြို့ပြရဲ့ ပုံစံပေါင်းစုံနဲ့ လုပ်နေကြတာဆိုတော့ လမ်းလျှောက်ကြတဲ့သူတွေရှိတယ်။ သဘောၤစီးကြတဲ့သူတွေရှိတယ်။ ကျွန်တော်တို့ ဆိုင်ကယ်စီးတဲ့သူတွေကလည်း ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုတာကို ပြချင်တာပါ။ ကမ္ဘာမှာလည်း အဲလိုတွေရှိပါတယ်”လို့ ဦးဆောင်သူ ကိုသက်ဆွေဝင်းက ဆိုပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်တန့်ရေး၊ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးအဖြေရှာရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လူထုပါဝင်မှုကို မြှင့်တင်ရေး ရည်ရွယ်ပြီး အဆိုပါ ခရီးစဉ်ကို ပြုလုပ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ အနှံ့က ငြိမ်းချမ်းရေးလိုလားတဲ့ ဆိုင်ကယ်စီးတဲ့သူ၊ တိုင်းရင်းသားအရေးကိစ္စတွေကို နားလည်တဲ့သူ မည်သူမဆို ပါဝင်နိုင်ပြီး လက်ရှိမှာ စိတ်ဝင်စားလို့ စာရင်းပေးထားသူ အယောက် ၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က