Photo - ministry of transport and communications
မြန်မာနိုင်ငံပိုင် ဂြိုဟ်တုထရန်စပွန်ဒါငှားရမ်းရေးဆပ်ကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ(၂၃)ရက်နေ့ က နေပြည်တော်မှာပြုလုပ်စဉ်မှာ ပြောလိုက်တာဖြစ်ပါတယ်။ ဝန်ကြီးဌာနတွေနဲ့ ကုမ္ပဏီတွေ အနေနဲ့ ပြည်ပကနေ ဂြိုဟ်တုတွေကို ငှားရမ်းသုံးစွဲနေရတဲ့ အတွက် နိုင်ငံခြားငွေတွေ သုံးစွဲနေရတာကြောင့် MyanmarSat-2 ဂြိုဟ်တုကို ဝန်ကြီးဌာနတွေနဲ့ ကုမ္ပဏီတွေက တစ်စုတစ်ဝေးတည်း အသုံးပြုကြရင် နိုင်ငံခြားငွေသုံးစွဲမှုများကို လျော့ချနိုင်မယ်လို့လည်း သူကပြောပါတယ်။
Photo - wikipedia
MyanmarSat-2 ဂြိုဟ်တုကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့မှာလွှတ်တင်ပြီး အောက်တိုဘာလမှာ ဂြိုဟ်တုချန်နယ် 864 MHz ကို နည်းပညာအသစ်နဲ့ အရည်အသွေးကောင်းကောင်းသုံးမယ်လို့ဆိုပါတယ်။ ဒါကြောင့် ပြည်တွင်းမှာရှိတဲ့ ကုမ္ပဏီတွေ အပါအဝင် ရုပ်သံလိုင်းလုပ်ငန်းတွေလုပ်နေတဲ့ ရွှေသံလွင်နဲ့ Forever ကုမ္ပဏီတို့ကိုလည်း သုံးစေလိုကြောင်း တိုက်တွန်းမှုကို ဝန်ကြီးဌာနရဲ့ Website မှာ ဖော်ပြထားပါတယ်။
အဆိုပါ Myanmar Sat-2 ဂြိုဟ်တုဟာ အမေရိကန်ဒေါ်လာ ၁၅၅ သန်းကုန်ကျပြီး ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနဲ့ Intelsat Global Sales & Marketing Limited တို့က အချိုးကျ ပူးတွဲပိုင်ဆိုင်မှာဖြစ်ပါတယ်။