• ပိုချစ်ပေးဖို့ တောင်းဆိုလိုက်တဲ့ မေမြတ်နိုး

ဝတ်စုံလေးကြောင့်လည်း မဆဲကြပါနဲ့တဲ့။
[Zawgyi Version]

မေမြတ်နိုးတစ်ယောက် သူ့ရဲ့ ပွဲတက်ဝတ်စုံကြောင့် ပရိသတ်တွေ မဆဲပါနဲ့လို့ တောင်းဆိုလာပါတယ်။ မော်ဒယ်တစ်ယောက် ဖြစ်တဲ့ အတွက်  ပွဲနဲ့လိုက်ဖက်မယ့် ဖက်ရှင်ကို ဒီဇိုင်နာက ဆင်ပေးထားတာလို့ ပြောပါတယ်။ ပရိသတ်တွေအနေနဲ့ကလည်း ဝေဖန်တာထက် ပိုပြီး အာရုံစိုက်ပေးကြပါ၊ ချစ်ပေးကြပါလို့ ဆိုပါတယ်။

 

အလှမယ်၊ သရုပ်ဆောင်မေမြတ်နိုးဟာ ဇူလိုင်လ ၇ ရက်နေ့ညက Melia Hotel မှာ ကျင်းပခဲ့တဲ့ L'oréal Paris Myanmar Red Carpet  ပွဲကို တက်ရောက်လာရင်း သူ့ရဲ့ ပွဲတက်ဝတ်စုံကြောင့် ပရိသတ်တွေကို မဆဲပါနဲ့ လို့တောင်းဆိုခဲ့ပါတယ်။

'' ပထမဦးဆုံး ဖီလင်ကတော့ မြတ်နိုးကိုချစ်တဲ့ May Bae တွေ မဆဲပါနဲ့လို့။ ဒါက ဒီဇိုင်နာက သေသေချာချာလေး လုပ်ပေးထားတာပါ။ မြတ်နိုး ကတော့ဒီဝတ်စုံလေးကို ပွဲနဲ့ လိုက်ဖက်မယ်ထင်လို့ဝတ်လာတာပါ'' လို့  Duwn Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

မလိုက်ဘူးထင်တဲ့ ဖက်ရှင်တွေကို ပိုဝတ်ဖြစ်တဲ့ မေမြတ်နိုး 

မေမြတ်နိုးဟာ မော်ဒယ်လ်တစ်ယောက်အနေနဲ့ ဒီဇိုင်နာဆင်တာကို ဝတ်ရတာလို့ ဆိုပါတယ်။ ဒီဝတ်စုံနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ဝေဖန်တာထက် ပိုချစ်ပေးကြဖို့ကိုလည်း Duwun Media ကနေ ပြောခဲ့ပါသေးတယ်။

'' မော်ဒယ်လ်တစ်ယောက်အနေနဲ့ကတော့ ဒီဇိုင်နာဆင်တာကို ဝတ်ရတာပေါ့နော်။ အနုပညာလှုပ်ရှားမှုတွေကိုလည်း အများကြီး ကြိုးစားပြီးတော့ လုပ်သွားပါမယ်။ အားပေးကြပါ။ အရမ်းချစ်ပေးကြပါ။ ဝေဖန်တာလည်း ဝေဖန်တယ်ဆိုပေမယ့် ချစ်ပေးကြပါလို့'' မေမြတ်နိုးက ပြောပါတယ်။

 

ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရတဲ့ မေမြတ်နိုးက လူမှုကွန်ယက်စာမျက်နှာပေါ်မှာလည်း သူ့ကို အားပေးတဲ့ ပရိသတ်တွေ သိပ်မတွေ့ရတော့ဘူးလို့ ဆိုလာပါတယ်။

'' မြတ်နိုးက ဖေ့စ်ဘွတ်မှာ နာမည် နည်းနည်းငြိမ်နေတယ်။ အဲ့ဒီတော့ မြတ်နိုးကိုလည်း နည်းနည်းလောက် အာရုံလေးထားပေးကြပါ လို့ ပြောချင်ပါတယ်။ အဓိက ကတော့ ချစ်ပေးပါ မြတ်နိုး လိမ္မာနေပါတယ်။ ဒါပေမယ့် ပရိသတ်တွေက ဆိုးမှ ကြိုက်တာလား မသိပါဘူး။ မြတ်နိုးလည်း လိမ္မာသင့်သလောက်တော့ လိမ္မာတယ်၊ ဒါပေမယ့် ဒီဝတ်စုံလေးကိုတော့ မဆဲပါနဲ့'' လို့ ဆိုပါတယ်။

မေမြတ်နိုးဟာ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးလျှက်ရှိတာကိုတွေ့ရပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း မကြာခင် ပရိသတ်အရှေ့ကို ရောက်လာတော့မှာပါ။ သူ့အနေနဲ့ မြန်မာနိုင်ငံတွင်းသာမက ပြည်ပမှာပါ အနုပညာလှုပ်ရှားမှုတွေလုပ်နိုင်ဖို့ ကြိုးစားနေသူ ဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...