သင်္ကြန်ပွဲမှာ အရက်မူးပြီး အချင်းချင်းထိခိုက်မိရာကနေ ရန်ပွဲတွေဖြစ်ပွားခဲ့တာပါ။

မတ်လ ၅ ရက်က ပခုက္ကူတက္ကသိုလ်နဲ့ ကလေးတက္ကသိုလ်တို့မှာ ကျောင်းသင်္ကြန်ပွဲတွေကျင်းပခဲ့ရာကနေ ရန်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ အဆိုပါ ကျောင်းတွေရဲ့ ကျောင်းသားသမဂ္ဂတွေထံကနေ သိရပါတယ်။


Photo- ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ပခုက္ကူသြက်န်မှာ ရန်ပွဲဖြစ်ပွားစဉ်။



ပခုက္ကူတက္ကသိုလ်ရှိ သတ္တဗေဒ မေဂျာက ကျောင်းသင်္ကြနု်ပွဲကျင်းပနေရင်း ကျောင်းသားတွေနဲ့ အပြင်ကလာတဲ့သူတွေနဲ့ ထိခိုက်မိရာကနေ ရန်ပွဲဖြစ်ပွားခဲ့မှုကြောင့် ကျောင်းသားတစ်ဦး ဓားထိုးဒဏ်ရာရရှိခဲ့တယ်လို့ ပခုက္ကူတက္ကသိုလ်ကျောင်းသားသမဂ္ဂ အောင်ခိုင်မင်းက Duwun ကိုပြောပါတယ်။

“ အပျော်ပွဲဆိုတော့ သောက်ကြစားကြရင်းနဲ့ မူးပြီးတော့ အချင်းချင်း ထိမိခိုက်မိရာကနေ ကျောင်းသားအချင်းချင်း ရန်ဖြစ်ကြတာပါ။ ပြသနာကြီးသွားတာက ကျောင်းသားတွေနဲ့ ပါလာတဲ့ အရပ်သားတွေက ဓားတွေနဲ့ ဝင်ခုတ်ကြတော့ ကျောင်းသားတစ်ဦး ဓားခုတ်ခံလိုက်ရတယ်။ ဒဏ်ရာတော့ မပြင်းထန်ပါဘူး။” လို့ အောင်ခိုင်မင်းက ဆိုပါတယ်။
Photo- Nyein Thu Min (ကလေးတက္ကသိုလ်ကျောင်းသင်္ကြန်မှာ ရန်ပွဲဖြစ်ပွားစဉ်)

ရန်ပွဲဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေကို ကျောင်းစည်းကမ်းအရ အပြင်းထန်ဆုံးအရေးယူဖို့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို တင်ပြထားပြီး ဓားခုတ်မှုကျူးလွန်သူ အရပ်သားကိုလည်း ဥပဒေအရ အရေးယူဖို့ ရဲစခန်းကို တိုင်ကြားထားတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ကလေးတက္ကသိုလ်မှာလည်း မေလ ၅ ရက်က ကျောင်းသင်္ကြန်ပွဲ ကျင်းပရာမှာ ကျောင်းသားတွေအချင်းချင်းကခုန်ရင်း ထိခိုက်မိပြီး ရန်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ကလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ကပြန်ကြားရေး တာဝန်ခံ ဝေနိုင်ဦးက Duwun ကိုပြောပါတယ်။

“ဖြစ်ဖြစ်ချင်း ကျွန်တော်တို့သမဂ္ဂတွေ သွားပြီး တားတယ်။ ရန်ဖြစ်တဲ့သူ ၂ ယောက်အပြင် အပြင်ကနေခါ်လာတဲ့ သူငယ်ချင်းတွေနဲ့ ရန်ပွဲဖြစ်သွားကြတာပါ။ အကြီးအကျယ်ဖြစ်သွားတာတော့ မဟုတ်ပါဘူး။” လို့ ဝေနိုင်ဦးက ဆိုပါတယ်။

ရန်ပွဲ ဖြစ်ပွားမှုကြောင့် ကျောင်းသင်္ကြန်ပွဲတွေကို ချက်ချင်းရပ်နားခဲ့ရတယ်လို့ တက္ကသိုလ် ကျောင်းသားသမဂ္ဂတွေဆီကနေ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က