လွန်ခဲ့တဲ့ ၁၀နှစ်တုန်းကလည်း ဒီလိုပါပဲ။

ခန့်စည်သူက လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကလိုပဲ ပုပ္ပားတောင်မှာ ရိုက်ကူးရေးလုပ်ရင်း အလှူလုပ်ခွင့်ရလို့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ သူဟာ ကုသိုလ်ရေးနဲ့ပတ်သက်လာရင် လက်မနှေးသူတစ်ယောက်ပါ။

Photo: Khant Si Thu

ခန့်စည်သူဟာ ပုပ္ပားတောင်မှာ ဇာတ်လမ်းတွဲရိုက်ကူးနေရင်း အလှူအတန်းတွေ လုပ်နေတာဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ကုသိုလ်နဲ့ အခုချိန်မှာ ပြုလုပ်ဖြစ်တဲ့ ကုသိုလ်ရေးက အရမ်းကို တိုက်ဆိုင်လွန်းတယ်လို့ ဆိုပါတယ်။

‘’ပုပ္ပားတောင်မြတ်၊တောင်ကလာပ်ပေါ်ရှိ ထီးသုံးဆင့်စေတီတော်ကြီးနှင့် အရံစေတီများအတွက် လွန်ခဲ့သော(၁၀)နှစ်က ဇာတ်ကားရိုက်ရင်း ထီးတော်များတင်၍ လှူဒါန်းခဲ့ပါသည်။ တိုက်တိုက်ဆိုင်ဆိုင် ယခု (၁၀)နှစ်အကြာတွင်လည်း ဇာတ်ကားရိုက်ရင်း စေတီတော်ကြီးနှင့် အရံစေတီများ၏ ထီးတော်များကို ရွှေချလှူဒါန်းခွင့်ကြုံရပါပြီ။ ပြုပြုသမျှ ကုသိုလ် အစုစုတို့ကို (၇)-ရက်သား၊သမီးများအတွက် မျှဝေပါသည်။ အမျှရ၍ သာဓုခေါ်ဆိုနိုင်ကြပါစေ’’ ဆိုပြီးတော့ သြဂုတ်လ ၁၈ ရက်နေ့ညနေ ၃ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Khant Si Thu

ခန့်စည်သူက လက်ရှိမှာ တစ်ကိုယ်တည်း လူပျိုကြီး ဘဝကို ခံယူထားတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ နှလုံးသားရေးရာ ထက် အလှူအတန်းတွေကို ပိုပြီးတော့ ဆောင်ရွက်နေသူ တစ်ယောက်ပါ။ ဒါကြောင့် ခန့်စည်သူကိုယ်တိုင် ဦးဆောင်တဲ့ မေတ္တာသင်္ဂဟ အဖွဲ့ဟာ မကြာခဏဆိုသလို အလှူအတန်းတွေ လုပ်ဖြစ်ခဲ့ကြတာကို တွေ့ရပါတယ်။

Photo: Khant Si Thu

ခန့်စည်သူ( Khant Si Thu)ဟာ သီဟသုဓမ္မမဏိဇောတဓရ၊ အဘိဓမ္မဓရ အကယ်ဒမီ ခန့်စည်သူဆိုတဲ့ ဘွဲ့ကို လည်း ရရှိထား သူဖြစ်ပါတယ်။ သူဟာ ၂၀၀၈ ခုနှစ်တုန်းက ‘’အများနှင့် မသက်ဆိုင်သောသူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိထားသူဖြစ်ပါတယ်။လက်ရှိမှာလည်း ခ သုံးလုံး ရုပ်ရှင်ထုတ်လုပ်ရေးနဲ့အတူ ‘’ဆူးပန်းခွေ နွယ်ဘယက်နဲ့ ပေရွက်လိပ်နားတောင်းဆင် ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို ပုပ္ပါးမှာ ရိုက်ကူးနေတာ ဖြစ်ပါတယ်။

Photo: Khant Si Thu

အဲဒီနောက် သြဂုတ်လ ၁၅ ရက်နေ့တုန်းကလည်း ခန့်စည်သူဦးဆောင်တဲ့ မေတ္တာသင်္ဂဟအဖွဲ့အလှူအဖြစ် အလှူငွေ သိန်း ၂၅၀ နဲ့အတူ  မြင်းခြံမြို့၊ကိုးဆောင်ကျောင်းတိုက်၊ပုခန်းကျာင်း မှာ သံဌာအပါး ၁၁ ပါးကို ဝါဆိုသကွန်းကပ်လှူခဲ့ကြတယ်လို့ သိရပါတယ်။ နောက်ထပ် အလှူတစ်ခုအနေနဲ့  မြင်းခြံမြို့နယ်၊အဖြူရောင်လက်များပရဟိတဆရာတော်ကျောင်းတိုက် အတွက် ရေလှောင်ကန် ၁ ကန်၊ တောင်သာမြို့နယ်အတွင်းရှိ ချောင်းနားရွာနှင့်ဒါန်းတိုင်ရွာ ၂-ရွာအတွက် ရေလှောင်ကန် -၂ ကန်၊ နွားထိုးကြီးမြို့နယ် အတွင်းရှိ ဆားတောင်ကျေးရွာအတွက် ရေလှောင်ကန်-၁ ကန်၊ မကွေးမြို့နယ်၊ကြာကန်ကျေးရွာအတွက် ရေလှောင်ကန်-၁ ကန်၊ ကျောက်ပန်းတောင် း မြို့နယ်၊ဘိုးဘွားရိပ်သာအတွက် စက်ရေတွင်းနှင့်ရေလှောင်ကန်-၁ ကန် တို့ကို လှူဒါန်းခဲ့ကြတာ တွေ့ရပါတယ်။ 

Share

Loading Next Article...
က္က