ထက်အဉ္ဇလီက သူမကို ပြုတ်မယ့် စာရင်းထဲ ထည့်ထားတဲ့ ပရိသတ်တွေကြောင့် အရမ်းခံစားရတယ်လို့ ဆိုပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေအတွက်တော့ အကောင်းဆုံး ကြိုးစားနေပါတယ်တဲ့။

Photo: Myanmar Idol
ထက်အဉ္ဇလီကတော့ Myanmar idol (Season-4) သီချင်းဆိုပြိုင်ပွဲမှာ Top-7 အဖြစ် ပါဝင်နေသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တချို့ကြောင့် စိတ်မကောင်း ဖြစ်ခဲ့ရတာတွေရှိတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
“ပြီးခဲ့တဲ့ တပတ်တုန်းက ဒိုင်တွေရဲ့ Comment က သိပ်မကောင်းခဲ့ဘူး။ စိတ်ထဲမှာ အကောင်းဆုံးကြိုးစားခဲ့ တယ်။ တကယ်လည်း လိုအပ်ချက်တွေရှိတယ်။ ဒီလိုအပ်ချက်တွေကို ထောက်ပြသွားသလိုပဲ ပရိသတ်တွေကလည်း ကိုယ့်ကို ပြုတ်မယ့် စာရင်းထဲမှာ ထည့်ထားတဲ့အခါကျတော့ စိတ်မကောင်းဘူး” ဆိုပြီးတော့ နိုဝင်ဘာလ ၂၈ ရက်နေ့ညက Myanmar Idol (Season-4) သီချင်းဆိုပြိုင်ပွဲရဲ့ စိုးလွင်လွင် အမှတ်တရသီချင်းများ သီဆိုပွဲမှာပြောပြခဲ့တာပါ။
Photo: Myanmar Idol
သူမကတော့ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ “စိုးလွင်လွင်ရဲ့ အမှတ်တရ သီချင်းများ” ပြိုင်ပွဲမှာတော့ အကောင်းဆုံးကြိုးစားပြနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“ဒီတပတ်မှာ အကောင်းဆုံးကြိုးစားပြချင်ပေမယ့်လည်း နေမကောင်းဖြစ်တယ်။ ဒီကြားထဲမှာလည်း အခက်အခဲတွေ အများကြီးကို ဖြတ်သန်းခဲ့ရတယ်။ ဒီပတ်မှာတော့ အကောင်းဆုံ Result တွေကို ညီမ မမျှော်လင့်ထားတဲ့အရာတွေ ရလာတဲ့အတွက် အရမ်းပျော်တယ်။ တကယ်လည်း ကိုယ်အကောင်းဆုံး လုပ်ပြနိုင်ခဲ့တဲ့အတွက် အရမ်းပျော်ပါတယ်”လို့ သူကဆိုပါတယ်။
Photo: Myanmar Idol
ထက်အဉ္ဇလီကိုတော့ Myanmar idol(Season-4) သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ သူမရဲ့ ပြိုင်ပွဲဝင် Voting နံပတ်ကတော့ 77706 ဖြစ်ပါတယ်။ သူမကတော့ ချစ်စရာကောင်းတဲ့ ရုပ်ရှည်ရယ်၊ ပေါ့ပါးသွက်လက်တဲ့ သီဆို ဖျော်ဖြေမှုတွေရယ်ကြောင့် ပရိသတ်တွေရဲ့ အသည်းကို ဆုပ်ကိုင်နိုင်ခဲ့သူဆိုရင်လည်း မမှားပါဘူး။ ဂီတကို ရူးသွပ်သူ တစ်ယောက်ဖြစ်တာကြောင့်လည်း ဒီ သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်လာခဲ့တာပါလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။