ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ဒီနေ့မနက်(၈)နာရီသတင်းထုတ်ပြန်ချက်မှာပါဝင်တဲ့ ပုစွန်တောင်မြို့နယ်က ပိုးတွေ့လူနာ (၆)ဦးမှာ ပိုးတွေ့လူနာနဲ့ဆက်စပ်မှုရှိတဲ့အတွက် ကွာရန်တင်းထားရှိသူတွေဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ ပြောကြားချက်အရ သိရပါတယ် ။
ယင်းလူနာခြောက်ဦးက ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ သုံးဦးနဲ့ ဆက်စပ်မှုရှိခဲ့တာဖြစ်ပြီး ပုဇွန်တောင်မြို့နယ် (၂)ရပ်ကွက် သာယာကုန်းလမ်း နဲ့ ( ၃) ရပ်ကွက် အောက်ပုဇွန်တောင်လမ်းမကြီး မှာ နေထိုင်သူတွေဖြစ်ပါတယ် ။
"'ဒီနေ့ ပိုးတွေ့တဲ့ ခြောက်ဦးမှာ ငါးဦးက လူနာအမှတ် (၇၇၁) ရဲ့ မိသားစုဝင် ငါးဦးဖြစ်တယ် ။ နောက်ထပ်တစ်ဦးက လူနာအမှတ် (၈၈၄) နဲ့ (၈၈၅) ရဲ့ မိသားစုဝင်ဖြစ်ပါတယ် ။ နေအိမ်ကိုလည်း lock down ချထားပြီးဖြစ်သလို ကွာရန်တင်းဝင်နေသူတွေလည်း ဖြစ်ပါတယ် " လို့ ပုဇွန်တောင်မြို့နယ် ၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁) ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက Duwun ကိုပြောပါတယ် ။
