ပွဲရွှေ့ဖို့ မရှိသေးသလို ကွင်းပိတ်ကစားဖို့လည်း သတင်းမထုတ်ပြန်လာသေးပါဘူး။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ပရီးမီးယားလိဂ်မှာလည်း ပွဲရွှေ့မှု မရှိပေမယ့် ကူးစက်မှုကို ကာကွယ်နိုင်မှု ပြုလုပ်နိုင်ရန် လုပ်ဆေင်မှု များစွာ လုပ်ဆောင်နေပါတယ်။
အခုတစ်ခါမှာလည်း ဗိုင်းရပ်စ်ပိုး ကူစက်မှုမှ ကာကွယ်နိုင်ရန် တစ်ဦးနဲ့တစ်ဦး ထိတွေ့ချင်းကို တတ်နိုင်သလောက် လျော့ချနေပါတယ်။
လက်ရှိမှာတော့ ပွဲမစခင် နှစ်ဖက် ကစားသမားနဲ့ ဒိုင်လူကြီးတွေ လက်ဆွဲနှုတ်ဆက်ခြင်း အစဥ်အလာကို ရပ်နား လိုက်ပြီ ဖြစ်တယ်လို့ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
လက်ဆွဲနှုတ်ဆက်ခြင်း မပြုလုပ်ရပေမယ့် အိမ်ကွင်းအသင်းကတော့ အဝေးကွင်းအသင်းဖက်ကို လမ်းလျှောက်ထွက်ရမှာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်တရားဝင် ဝက်ဘ်ဆိုဒ်က ဖော်ပြချက်မှာတော့ - “ ဆေးစစ်ချက်မှတ်တမ်းကောင်း မရမချင်း ကျွန် တော်တို့ အခုတစ်ပတ်က စတင်ကာ လက်ဆွဲနှုတ်ဆက်ခြင်းကို ရပ်ထားမှာပါ။
ကိုရိုနာဗိုင်းရပ်စ်ကတော့ နှာခေါင်း၊ပါးစပ်ကတဆင့်သာမက လက်ဆွဲနှုတ်ဆက်ခြင်းကနေလည်း ကူးစက်နိုင်တာကြောင့် အခုလို လုပ်ဆောင်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်းကလည်း သူတို့အသင်းသားတွေကို တစ်ဦးနဲ့တစ်ဦး လက်ဆွဲနှုတ် ဆက်ခြင်း မရှိရဘူးလို့ သတင်းထုတ်ပြန်ထားပါတယ်။
လီဗာပူးအသင်းဆိုရင်လည်း သူတို့အသင်းကွင်းထဲကို လာဘ်ကောင်ရုပ်ကို မဝင်စေတောာ့ဘူးလို့ သတင်းထုတ်ပြန် ထားပြန်ပါတယ်။
ဒါ့ပြင် ကူးစက်မှုနှုန်းမြင့်မားတဲ့ နိုင်ငံတွေကိုလည်း ဝန်ထမ်းတွေကို ခရီးသွားလာခွင့်ပိတ်ပင်ထားတယ်လို့ သိရ ပြန်ပါတယ်။
လက်သန့်ဆေးရည်တွေကိုလည်း သန့်စင်ခန်းတွေမှာ အပြည့်ထည့်သွင်းထားပြီး ကျန်းမာရေး ထိန်းသိမ်း စောင့် ရှောက်မှုတွေ ကိုယ်စီ ပြုလုပ်နေကြပါပြီ။
ဆောက်သမ်တန်နဲ့ဝုလ်အသင်းတို့ကလည်း ပရိသတ်တွေကို လက်မှတ်ရေးထိုးပေးခြင်း ဓာတ်ပုံတွဲရိုက်ခြင်းတို့ကို ခွင့်မပြုတော့ပါဘူး။