မနေ့ညက မန်ချက်စတာဒါဘီပွဲအပြီး ဟာလန်းနဲ့ ဂွါဒီယိုလာတို့နှစ်ယောက် ကွင်းအတွင်း စကားပြောဆိုနေကြတာနဲ့ ပတ်သက်လို့ ဂယ်ရီနဗီးလ်က ဝေဖန်လာခဲ့ပါတယ်။ အဆိုပါပွဲမှာ ဟာလန်းရဲ့ ခြေစွမ်းပြသွင်းဂိုးနှစ်ဂိုး၊ ဖိုဒန်ရဲ့ သွင်းဂိုးနဲ့အတူ မန်စီးတီးက သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။
ဟာလန်းအနေနဲ့ ဒီပွဲမှာ ဟက်ထရစ်ရနိုင်တဲ့ အခွင့်အရေးရှိခဲ့ပေမယ့် ပထမပိုင်းမှာ သူ့ရဲ့ အပိုင်ခေါင်းတိုက်ချက်ကို အိုနာနာက အံ့အားသင့်ဖွယ် ကာကွယ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အလားတူ အနေအထားမျိုးနဲ့ပဲ ဟာလန်းက ခေါင်းတိုက် ဂိုးသွင်းနိုင်ခဲ့တာပါ။
နဗီးလ်ကတော့ “ဒါတွေအကုန်လုံးက ရှိုးပြရုံသက်သက်ပါပဲ။ သူတို့ ဒီအကြောင်းကို အဝတ်လဲခန်းထဲမှာ ပြောလို့မရဘူးလား။ ခေါင်းတိုက်တဲ့အလုံးက တကယ်ကို ကောင်းပါတယ်။ ဒါပေမယ့် ကွင်းထဲမှာ ဒီအေကြာင်းကို ငါးမိနစ်လောက် ဆက်ပြောနေစရာ မလိုပါဘူး။ ဥမင်လိုဏ်ခေါင်းထဲဝင်ပြီး နိုင်ပွဲအတွက် အောင်ပွဲခံဖို့ပဲ လိုအပ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
မနေ့ညက ယူနိုက်တက်နဲ့ မန်စီးတီးတို့ရဲ့ပွဲမှာ ယူနိုက်တက်ဂိုးသမား ဟာလန်းက မန်စီးတီးရဲ့ အပိုင်အခွင့်အရေးအချို့ကို ကာကွယ်နိုင်ခဲ့ပြီး ဒီအချက်ကြောင့်သာ ယူနိုက်တက်တို့ အိမ်ကွင်းမှာ မြို့ခံပြိုင်ဘက်ကို အခုထက် ပိုပြီး ဂိုးပြတ်မရှုံးခဲ့တာဖြစ်ပါတယ်။