• “ပွဲထွက်လူစာရင်းကို မင်းလည်းမသိဘူးမဟုတ်လား” ဆိုပြီး မာဆယ်လိုနဲ့ ဟာသလုပ်သွားတဲ့ အန်ဆယ်လော့တီ

သတင်းစာရှင်းလင်းပွဲမှာ အန်ဆယ်လော့တီတယောက် နောက်ပြောင်သွားခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက လီဗာပူးနဲ့ ကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ သူ့ရဲ့ဝါရင့်ကစားသမားကြီး အသင်းခေါင်းဆောင် မာဆယ်လိုနဲ့ ဟာသလုပ်နောက်ပြောင်ခဲ့ပါတယ်။ အခု ပွဲကြိုသတင်းစာရှင်းလင်းပွဲကို အန်ဆယ်လော့တီနဲ့အတူ ဂိုးသမား ကော်တွိုက်စ်၊ မာဆယ်လိုတို့ တက်ရောက်ခဲ့ပါတယ်။

image

အန်ဆယ်လော့တီဟာ သူ့ရဲ့ပွဲထွက်ကစားသမားစာရင်းကို အရင်ရက်တွေတည်းက ကြိုတင်စဥ်းစားထားပြီးဖြစ်ပေမယ့် အခုထိ ကစားသမားတွေကို မပြောထားဘူးလို့ ဆိုပါတယ်။ ဒီမတိုင်ခင် လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းက အန်ဆယ်လော့တီဟာ ဘယ်လိုဗျူဟာနဲ့ ကစားမယ်၊ ရိုဒရီဂိုကို ထည့်သုံးမယ် အစရှိသဖြင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအကြောင်း ပြောခဲ့ဖူးပါတယ်။

image

ဒါပေမယ့် အခုတခါ သတင်းစာရှင်းလင်းပွဲမှာတော့ သတင်းထောက်တွေက အန်ဆယ်လော့တီကို ပွဲထွက်ကစားသမားစာရင်းအကြောင်း မေးမြန်းခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ အန်ဆယ်လော့တီက မာဆယ်လိုဘက်ကို လှည့်ပြီး “မင်းသိလား ငါ့ပွဲထွက်လူစာရင်းကို” လို့ မေးမြန်းခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ မာဆယ်လိုက “သိတာပေါ့” လို့ တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမယ့် အန်ဆယ်လော့တီကတော့ “အကုန်သိလား?” လို့ ထပ်မံမေးခွန်းထုတ်ခဲ့ပါတယ်။ အန်ဆယ်လော့တီ၊ မာဆယ်လို၊ ကော်တွိုက်စ်တို့ သုံးယောက်လုံး ရယ်မောနေခဲ့ပြီး မာဆယ်လိုက “အဲ့ဒီလိုတော့ ကျနော် သိတယ်မထင်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ အန်ဆယ်လော့တီက သတင်းထောက်ဘက်ကိုလှည့်ပြီး “ခင်ဗျားတို့မြင်တယ်နော်။ ကျနော့် ပွဲထွက်လူစာရင်းကို သူတို့ကိုတောင် မပြောပြရသေးဘူး။ ဒီတော့ ကျနော် ခင်ဗျားကိုလည်း မပြောပြနိုင်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီနဲ့ ကစားသမားတွေကတော့ ဗိုလ်လုပွဲမတိုင်ခင် သူတို့ရဲ့ ဖိအားတွေကို ဟာသလုပ်ရင်း လျှော့ချနေခဲ့ပြီး အကောင်းဆုံးပြင်ဆင်နေကြတာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က