• တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်မယ်ဆိုတဲ့ မိုရီဆာကီဝင်း

မြန်မာနိုင်ငံမှာလည်း လုပ်ဖို့ စီစဉ်ထားပါတယ်တဲ့။

မိုရီဆာကီဝင်းကတော့ သူ့အတွက် ပွဲဦးထွက် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဂျပန်နိုင်ငံမှာသာမက မြန်မာနိုင်ငံမှာလည်း လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ 

image

မြန်မာပြည်ဖွား ဂျပန်နိုင်ငံက နာမည်ကျော်အဆိုတော် မိုရီဆာကီဝင်းကတော့ ဂီတနဲ့ ပတ်သက်ပြီး တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာလည်း တစ်ကိုယ်တော် ဖျော်ဖြေပွဲလုပ်မယ်လို့ သူက ပြောပါတယ်။ 

"ကျွန်တော် ရဲ့ အဓိက ပွဲဦးထွက် (တစ်ကိုယ်တော် ဖျော်ဖြေမှု)ကို ဆုံးဖြတ်ထားပြီးပါပြီ။စောင့်နေကြတယ် မဟုတ်လား ခင်ဗျ။ “MORISAKI WIN”နာမည်ဖြင့် ဆက်လက် လုပ်ဆောင်သွားပါမယ် ခင်ဗျ။ ဂျပန် နိုင်ငံကနေစ ပြီးတော့မြန်မာနိုင်ငံဘက်မှာလည်း လုပ်ဆောင်ဖို့ ရှိတဲ့ အတွက် စောင့်ဆိုင်းပေးကြပါ နော် ။နောက်တစ်ခါ ထပ်တွေ့ဖို့ လဲ မျှော်လင့်နေပါတယ် ခင်ဗျ ။" ဆိုပြီးတော့ ဇွန်လ ၁၀ ရက်နေ့ နေ့လယ် ၁ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Win_morisaki_official

မိုရီဆာကီဝင်းဟာ ဂျပန်နိုင်ငံမှာရှိတဲ့ J Pop Boyband တစ်ခုဖြစ်တဲ့ PRIZMAX အဆိုတော် အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပါတယ်။ Stardust Promotion ကုမ္ပဏီက ၂၀၀၂ ခုနှစ်မှာ Japan Boyband တစ်ခုဖြစ်တဲ့ PRIZMAX စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ် မတ်လ ၂၇ ရက်နေ့က ဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ်။ PRIZMAX အဖွဲ့မှာတော့ မိုရီဆာကီဝင်းဟာ မြန်မာလူမျိုးတစ်ဦးဖြစ်ပါတယ်။ ကျန်တဲ့ အဖွဲ့ဝင်တွေကတော့ ဂျပန်နိုင်ငံသားတွေပါ။ 

Photo: Win_morisaki_official

အခုချိန်မှာတော့ မိုရီဆာကီဝင်းဟာ အနုပညာအလုပ်တွေကို တစ်ဦးတည်း တစိုက်မတ်မတ် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ သူဟာ "ဇာတိမြေ" ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် မြန်မာ ပရိသတ်တွေရဲ့ အားပေးမှုကို အများကြီး ရရှိခဲ့သူဖြစ်ပါတယ်။ မြန်မာပြည်တွင်းမှာရှိတဲ့ TV Program တွေမှာလည်း ပါဝင်လာခဲ့သူတစ်ယောက်ပါ။ လက်ရှိမှာတော့ သူဟာ ဂျပန်နိုင်ငံမှာ နေထိုင်လျက်ရှိပြီး သီချင်းတွေ သီဆိုနေတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က