• ပရိသတ်တွေက စိတ်ပူနေပေမယ့် ဂါရတ်ဘေးလ်ကတော့ စကားလေးတခွန်းတည်းနဲ့ချေမိုးပြခဲ့

အနာဂတ်အတွက် ဂါရတ်ဘေးလ်က ပြောကြားခဲ့တာပါ။

ဝေးလ်စ်လက်ရွေးစင် အသင်းခေါင်းဆောင် ဂါရတ်ဘေးလ်ဟာ အနာဂတ်အတွက် ကမ်းလှမ်းမှုအများအပြား လက်ခံရရှိထားတယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဂါရတ်ဘေးလ်အနေနဲ့ ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲခဲ့ပြီးနောက် အခုချိန်ထိ အသင်းလက်မဲ့ဖြစ်နေတဲ့ အနေအထားပါ။

image

အသက် (၃၂) နှစ်အရွယ် ဂါရတ်ဘေးလ်အနေနဲ့ လက်ရှိအချိန်မှာ အသင်းသစ် စတင်ရှာဖွေနိုင်ပြီဖြစ်ပြီး သူ့အတွက် မေဂျာလိဂ်ကလပ်အသင်းတွေက အဓိက စောင့်ကြည့်နေတယ်လို့ သိရှိရပါတယ်။ ကစားသမားဘက်က ဥရောပဘက်မှာ ဆက်နေဖို့ ဆန္ဒရှိပေမယ့် လစာငွေမြင့်မားမှု၊ ဒဏ်ရာပြဿနာတွေကြောင့် ခေါ်ယူချင်တဲ့အသင်းတွေက လက်တွန့်နေကြပါတယ်။

image

ဒီလိုမျိုး အနေအထားတွေကြောင့် ဂါရတ်ဘေးလ်အတွက် ပရိသတ်တွေက စိတ်ပူနေပေမယ့် သူကိုယ်တိုင်ကတော့ ကမ်းလှမ်းမှုတွေ အများအပြားရရှိထားတယ်လို့ တခွန်းတည်းတိုတိုတုတ်တုတ် ပြောကြားလိုက်ပါတယ်။ ဂါရတ်ဘေးလ်က “ကျနော့်ဆီမှာ ကမ်းလှမ်းမှုတွေ အများကြီးရရှိပြီးသားပါ” လို့ ပြောကြားခဲ့ပါတယ်။

ဂါရတ်ဘေးလ်ဟာ လက်ရှိအချိန်မှာ ဝေးလ်စ်နဲ့အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ် အောင်မြင်ရေးအတွက် ပူးပေါင်းနေပါတယ်။ ဝေးလ်စ်သာ ဒီကနေ့ညမှာ ယူကရိန်းကိုရှုံးနိမ့်ပြီး ကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့ရင် ဂါရတ်ဘေးလ်တယောက် နိုင်ငံကစားသမားဘဝကနေ အနားယူသွားမယ်လို့ဆိုနေကြပါတယ်။ ဒါပေမယ့် ဂါရတ်ဘေးလ်ကတော့ ဒီသတင်းတွေကို ငြင်းဆန်ခဲ့ပါတယ်။

ဂါရတ်ဘေးလ်က “မဟုတ်ပါဘူး။ ဒီလိုမျိုးလုပ်ဖို့အတွက်လည်း မလိုအပ်ပါဘူး။ ကျနော် အရင်က ပြောခဲ့သလိုပါပဲ။ အနာဂတ်မှာ ဘာဖြစ်လာမယ်ဆိုတာတွေကို ကျနော်က အာရုံစိုက်နေမှာ မဟုတ်ပါဘူး။ ကျနော်တို့အတွက် အရမ်းကို အရေးပါတဲ့ပွဲတပွဲရှိပြီး အခြားအရာတွေကို စဥ်းစားနေဖို့ မလိုအပ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က