• ပရိသတ်တွေမသိအောင် အာဆင်နယ်ကို ဂျွမ်းတပတ်ခုတ်ထည့်လိုက်သေးတဲ့ အူဘာမီးယန်း

အာဆင်နယ်တို့ အူဘာမီးယန်းကို လျော်ကြေးပေးလိုက်ရသေးတာပါ။

အာဆင်နယ်ဟာ အူဘာမီးယန်းရဲ့ တပတ်လုပ်ခ ပေါင် (၃) သိန်းခွဲကို ဆက်လက်ပေးချေရမှာ စိုးရိမ်တာကြောင့် ဒီကစားသမားကို ဆောင်းရာသီ အပြောင်းအရွှေ့ရဲ့ နောက်ဆုံးရက်မှာ စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။ အူဘာမီးယန်းဟာ အာဆင်နယ်မှာ တယောက်တည်း လေ့ကျင့်ခန်းဆင်းဖို့ ညွှန်ကြားခံထားရတဲ့ ကစားသမားလည်းဖြစ်ပါတယ်။

image

အူဘာမီးယန်းတယောက် စည်းကမ်းပိုင်းဆိုင်ရာပြဿနာတွေကြောင့် အသင်းခေါင်းဆောင်လက်ပတ် ရုပ်သိမ်းခံလိုက်ရတဲ့နောက် အခုလိုမျိုးပဲ နည်းပြ အာတီတာကို အူဘာမီးယန်းကို အပြင်းအထန် ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်တို့ အူဘာမီးယန်းကို ဒီတိုင်းလက်လွှတ်ခံလိုက်တယ်ဆိုပေမယ့် နောက်ကွယ်က အကြောင်းအရာတခုကိုတော့ မီဒီယာတွေက ဖော်ပြလာပါတယ်။

image

ဒါကတော့ အာဆင်နယ်အနေနဲ့ အူဘာမီးယန်းနဲ့ စာချုပ်ဖျက်သိမ်းနိုင်ဖို့အတွက် ကစားသမားကို လျော်ကြေး ပေါင် (၇) သန်း ပေးချေခဲ့ရတယ်လို့ဆိုပါတယ်။ အာဆင်နယ်တို့ ပိုက်ဆံတပြားမှ အကုန်မခံဘဲ အူဘာမီးယန်းကို ရှင်းထုတ်လိုက်တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့သေးတာပါ။

ဒါပေမယ့် အူဘာမီးယန်းရဲ့ လုပ်ခလစာငွေကိုသာ ဆက်ပေးရမယ်ဆိုရင် အာဆင်နယ်အတွက် တော်တော်လေး မသက်သာတဲ့ အနေအထားတရပ်လည်းဖြစ်ပါတယ်။ အာဆင်နယ်ဟာ အူဘာမီးယန်းကို အသင်းမှာ ဆက်ထားရမယ်ဆိုရင် မြင့်မားတဲ့ လစာငွေကို ဆက်လက်ပေးချေရမှာဖြစ်ပါတယ်။

အာဆင်နယ်တို့ အသင်းရဲ့ လစာငွေအများဆုံးကစားသမားကို ဒါမျိုးလုပ်တာ အခုမှပထမဆုံးတော့ မဟုတ်ပါဘူး။ အိုဇေးလ်ကိစ္စတုန်းကလည်း အာဆင်နယ်တို့ တပတ်လုပ်ခ ပေါင် (၃) သိန်းခွဲကို ပေးချေလိုခြင်းမရှိဘဲ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီမှာ စာချုပ်ဖျက်သိမ်းခဲ့ကြပါတယ်။ ဒါ့အပြင် အာဆင်နယ်ဟာ ဝီလီယံ၊ ကိုလာဆီနက်၊ မူစတာဖီတို့ကိုလည်း အလားတူ ပြုမူခဲ့ပါတယ်။

အူဘာမီးယန်းကတော့ ဘာစီလိုနာမှာ လုပ်ခလစာ တော်တော်လေးလျှော့ယူလိုက်ပြီး အသင်းနဲ့ (၂၀၂၅) ဇွန်အထိ သက်တမ်းရှိတဲ့ စာချုပ်တရပ်ကို ချုပ်ဆိုခဲ့တယ်လို့ ဘာစီလိုနာက ဒီညနေပိုင်းမှာ တရားဝင်ကြေညာသွားခဲ့ပြီးလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က