ဆာလာရဲ့ အနာဂတ်အတွက် ပရီးမီးယားလိဂ်ဂိုးသမားဟောင်းကြီးက သတိပေးလာတာပါ။

လီဗာပူးတိုက်စစ်ကစားသမား ဆာလာအနေနဲ့ PSG ကို မပြောင်းရွှေ့သင့်ဘူးလို့ ပရီးမီးယားလိဂ်ရဲ့ ဝါရင့် ဂိုးသမားဟောင်းကြီး ပေါလ်ရော်ဘင်ဆင်က တားမြစ်ခဲ့ပါတယ်။ ဆာလာဟာ လီဗာပူးနဲ့ (၂၀၂၃) အထိ စာချုပ်သက်တမ်း ကျန်ရှိနေပေမယ့် လက်ရှိအချိန်ထိ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုမရသေးပါဘူး။



ဆာလာကို ခေါ်ယူဖို့အတွက် ဥရောပထိပ်တန်းအသင်းကြီးတွေက သူ့ရဲ့ စာချုပ်သစ်အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး စာချုပ်သစ်ကိစ္စ အဆင်မပြေဖြစ်တာနဲ့ ချက်ချင်းဆိုသလို ဆာလာအတွက် လှုပ်ရှားလာကြမှာပါ။ ဆာလာဟာ လီဗာပူးမှာ စံချိန်တင်လုပ်ခလစာကို တောင်းဆိုနေတာကြောင့် လီဗာပူးတာဝန်ရှိသူတွေ ခေါင်းစားနေရပါတယ်။

ဒီလိုအချိန်မျိုးမှာပဲ ရော်ဘင်ဆင်က ဆာလာရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ “PSG က ဆာလာအတွက် ကောင်းမွန်တဲ့ အပြောင်းအရွှေ့တခုမဖြစ်လာနိုင်ပါဘူး။ သူက လီဗာပူးမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားကို စိန်ခေါ်နေပါတယ်။ PSG က သူ့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်နိုင်ပါ့မလား ကျနော် မသိပါဘူး”

“ပိုက်ဆံကတော့ သိပ်ကောင်းတဲ့အရာပေါ့ဗျာ။ ဒါပေမယ့် သူ့ရဲ့ လက်ရှိ ကစားသမားဘဝ အခြေအနေနဲ့ PSG ကို ပြောင်းတာ မသင့်တော်ပါဘူး။ သူ လီဗာပူးမှာ အသားကျပြီး ပျော်ရွှင်နေပါတယ်။ သူ့ကို ထွက်ခွင့်ပေးစရာ ဘာအကြောင်းမှမရှိပါဘူး။ ဒီလိုပြောတာက ဆာလာနေရာမှာ အစားထိုးဖို့ ပိုက်ဆံအများကြီး ကုန်မှာကြောင့်လို့ ပြောတာမဟုတ်ပါဘူး”

“PSG က ဘောလုံးလောကမှာ အင်အားကြီး အသင်းတွေထဲက တသင်းပါ။ သူတို့က အရမ်းချမ်းသာပြီး ဆာလာလို ကစားသမားမျိုးကို ခေါ်ယူနိုင်ပါတယ်”

“ဆာလာကို ခေါ်ယူနိုင်တဲ့အသင်းတွေ များများစားစားမရှိပေမယ့် PSG ကတော့ ခေါ်ယူနိုင်တဲ့အသင်းတွေထဲမှာ ပါဝင်ပါတယ်။ ဒီတော့ စောင့်ကြည့်ရပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က