ပြည်ပနိုင်ငံ ကို အလုပ်သွားရောက်ဖို့ OWIC (ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်) တိုက်ရိုက်ခွင့်ပြုခြင်းကို ဒီဇင်ဘာလကုန်ထိပဲ ခွင့်ပြုတော့မှာဖြစ်တဲ့အပြင် အလုပ်သမားတစ်ယောက်ချင်းစီရဲ့ ပြည်ပအလုပ်ရှင်က ရရှိထားတဲ့ အလုပ်ခေါ်စာကိုလည်း ပြည်ပအလုပ်ကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီတစ်ခုခုနဲ့ ချိတ်ဆက်ဆောင်ရွက်ရမယ် လို့လည်း အသိပေးကြေညာထားတယ် လို့လည်း သိရပါတယ်။
၂၀၂၂ ဇန်နဝါရီက စပြီးတော့ ပြည်ပနိုင်ငံတွေကို အခြေခံလုပ်သမားအနေနဲ့သွားရောက်မယ့်သူတွေဟာ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန ကို ရရှိထားတဲ့ အလုပ်ကမ်းလှမ်းလွှာကို ကို အရင်တင်ရမှာဖြစ်ပြီးတော့ ဝန်ကြီးဌာနကတဆင့် စိစစ်ပြီး ပြည်ပနိုင်ငံက မှန်ကန်ကြောင်းပြန်လည်အကြောင်းကြားမှ OWIC လျှောက်တဲ့လုပ်ငန်းစဉ် ကို စတင်ရမှာ ဖြစ်တယ် လို့လည်း ပြည်ပအလုပ်ကိုင်ရှာဖွေရေးအေဂျင်စီလုပ်ငန်းလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တစ်ဦး က ပြောပါတယ်။
"ဂျပန်ဖြစ်ဖြစ် မလေးဖြစ်ဖြစ် ဟိုဘက်ကအလုပ်ခေါ်စာ DEMAND LETTER ကို ဒီဘက်က အေဂျင်စီကို ပို့ပေးပြီးတော့ ဝန်ကြီးဌာနကို တင်ရတာ၊ အခုက ဟိုဘက်က အလုပ် ခေါ်တယ် ဆိုပြီး ဒီဘက်အေဂျင်စီတွေကို အတုတွေလိမ်တာတွေ လုပ်နေကြတော့ အခု ဝန်ကြီးဌာနက စီစစ်ပြီးမှ ပြန်လုပ်တော့မယ်ပုံစံမျိုးပြောင်းမှာပါ " လို့ ဂျပန်အလုပ်ကိုင်အေဂျင်စီလုပ်ငန်းလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တစ်ဦး ကပြောပါတယ်။
ဓာတ်ပုံ - myanmar passport office
အခုပြောင်းလဲမယ့် OWIC (ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်) ခွင့်ပြုချက်ပြောင်းလဲတာကိုတော့ ပြည်ပကိုအလုပ်သွားရောက်လုပ်ကိုင်မယ့်သူတွေအတွက် အဆင်မပြေမှုများစွာ ရှိနေပါတယ်။
"ကတ်ထုတ်ဖို့စောင့်နေတာကြာပြီ သင်တန်းလည်းပြီးပြီ။ အခုတစ်ဆင့်ပြီးတစ်ဆင့်ထပ်စိစစ်မယ်ဆိုတော့ ထပ်ကြာအုံးမှာ ပြည်တွင်းမှာအလုပ်ကမရှိ၊ ဟိုသွားမယ်ဆိုတော့ လည်း ကြန့်ကြာခက်ခဲနေရင် အဲ့လောက်စိစစ်နေရင် ခေါ်မယ့်နိုင်ငံတွေကလည်း နောက်ပိုင်းခက်ခဲလာလိမ့်မယ်" လို့ ပြည်ပအလုပ်သွားလုပ်ကိုင်ဖို့ OWIC စောင့်နေတဲ့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
အခုလို လုပ်လိုက်တာဟာ မိမိအစီအစဥ်နဲ့ သွားဖို့ လုပ်သူတွေအတွက် အဆင်မပြေတော့ဘဲ အေဂျင်စီတွေနဲ့သာ မဖြစ်မနေ ချိတ်ဆက်ရမှာမျိုး ဖြစ်နေတယ်လို့ လည်း ဆိုပါတယ်။
"ဒူဘိုင်းဆိုခက်ပြီ။ ဟိုမှာ သံရုံးမရှိဘူး အခုပို့နေတာက အလည်ဗီဇာနဲ့ ဘယ်ကခေါ်စာရပြီး ဘယ်လိုစစ်မှာလဲ ဟိုဘက်ကလည်း နောက်ပိုင်းတင်းကြပ်လာရင်တော့သွားပါပြီ။ တစ်ယောက်ထဲ ကိုယ်ဘာသာချိတ်ပြီးပြည်ပအလုပ်သွားလုပ်မယ် ဆိုတော့လည်း အခုပုံစံက အေဂျင်စီကိုဘဲ မဖြစ်မနေသွားလုပ်ရမယ် သံရုံးကစား အေဂျင်စီက စား ဖြစ်တော့မယ် " လို့ ပြည်ပကိုအလုပ်သွားရောက်လုပ်ကိုင်မယ့်သူ တစ်ယောက် ကပြောပါတယ်။
အခုချိန်မှာတော့ ပြည်ပမှာသွားရောက်လုပ်ကိုင်ဖို့ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံသားများစွာရှိနေပြီးတော့ ဂျပန်၊ကိုးရီးယား၊စင်ကာပူ ၊ဒူဘိုင်းနိုင်ငံတို့ကိုသွားရောက်လုပ်ကိုင်ဖို့ လုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။
အခုထိတော့ ထိုင်းနိုင်ငံမှာ ပြည်ပရောက်မြန်မာနိုင်ငံသားအလုပ်သမားအများဆုံးလုပ်ကိုင်နေပြီးတေ့ာ ဒုတိယအနေနဲ့ တရုတ်နိုင်ငံမှာ အများဆုံးလုပ်ကိုင်နေတယ် လို့လည်း ကမ္ဘာဘက်က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
အခုထိတော့ ထိုင်းနိုင်ငံမှာ ပြည်ပရောက်မြန်မာနိုင်ငံသားအလုပ်သမားအများဆုံးလုပ်ကိုင်နေပြီးတေ့ာ ဒုတိယအနေနဲ့ တရုတ်နိုင်ငံမှာ အများဆုံးလုပ်ကိုင်နေတယ် လို့လည်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
Share