လွတ်လပ်ပျော်ရွှင်တဲ့ ကမ်းခြေခရီးစဉ်ဖြစ်တဲ့အပြင် ကမ်းခြေကအပြန်မှာလည်း စိတ်မညစ်ရအောင် ပြင်ဆင်သင့်ပါတယ်နော်။

ကမ်းခြေခရီးစဉ်ဆိုရင် မပျော်ကြတဲ့သူမရှိသလို အားလပ်ရက်ရပြီ ၊ ခရီးထွက်ဖို့ စီစဉ်ကြပြီဆိုရင် ကမ်းခြေခရီးက ဦးစားပေးစာရင်းထဲ ထည့်ကို ထည့်ထားတတ်ကြပါတယ်။ ဒီတစ်ပတ်တော့ ဒီလို ကမ်းခြေကို သွားရတာမှ ဝါသနာပါကြတဲ့ ကမ်းခြေချစ်သူတွေအတွက် မဖြစ်မနေပြင်ဆင်သွားသင့်တဲ့ အချက်ကလေး (၆) ချက်ကို ပြောပြပေးချင်ပါတယ်။ 




Photo:Freepik


Sunscreen သေချာထည့်သွားပါ 

ကမ်းခြေမှာ ကောင်းကောင်းကဲပြီး ပြန်လာတာနဲ့ လူက လုံးဝ မည်းသည်းသွားတာမျိုးမဖြစ်ချင်ဘူးဆိုရင် ထည့်သွားသင့်တဲ့ အရာကတော့ Sunscreenပါပဲ။ Sunscreen ကို ကိုယ့်အသားအရည်နဲ့ ကိုက်ညီအဆင်ပြေတာမျိုးကို သေချာရွေးထည့်သွားဖို့ လိုအပ်ပါတယ်။ 


ပလတ်စတစ်အိတ်တွေသယ်သွားပါ 

ဘယ်လိုကြီးလဲ? ကမ်းခြေသွားတာ ပလတ်စတစ်အိတ်က ဘာလို့လိုတာလဲလို့ တွေးနေပြီမလား။ ပလတ်စတစ်အိတ်က လိုကိုလိုပါတယ်နော်။ ကိုယ့်ရဲ့ ရေစိုအဝတ်တွေ၊ ရေကူးဝတ်စုံတွေ ထည့်ဖို့ ပလတ်စတစ်အိတ်တွေ အလုံအလောက်သယ်သွားပါ၊ ဒါမှ အင်္ကျီတွေ ကျန်ခဲ့တာ ၊ ရေစိုအဝတ်တွေ ဘယ်လိုသယ်လို့ သယ်ရမှန်းမသိတဲ့ ပြဿနာတွေအတွက် အဆင်ပြေသွားပါလိမ့်မယ်။ 


Photo:Freepik


အဆာပြေ Snack လေးတွေယူသွားပါ 

ကမ်းခြေခရီးထွက်တဲ့အခါမှာ အဆာပြေစားဖို့ အသင့်စားမုန့်ကလေးတွေ ယူသွားဖို့ မမေ့ပါနဲ့နော်။ နေရောင်နဲ့ ပင်လယ်ပြင်ရဲ့ ဆားရေတွေက ဆာလောင်မှုကို ပိုမိုဖြစ်စေတယ်လို့ လေ့လာမှုတစ်ချို့မှာ ဖော်ပြထားပါတယ်။ အဆာပြေမုန့်ကလေးသယ်သွားတာက ကိုယ့်ရဲ့ ဆာလောင်မှုတွေကို ပြေပျောက်စေသလို စိတ်ကျေနပ်မှုကိုလည်း ရရှိစေနိုင်ပါလိမ့်မယ်။ 


ဦးထုပ်ကြီးကြီးဆောင်သွားပါ 

ကမ်းခြေနဲ့ ပတ်သက်တဲ့ ပုံလေးတွေ တွေ့ရတဲ့အခါ ဦးထုပ်အကြီးကြီးတွေ ဆောင်ထားတဲ့ပုံတွေ အတွေ့များတာကို သိကြတယ်ဟုတ်။ တကယ်တော့ ဦးထုပ်ကြီးကြီးတွေဟာ ကမ်းခြေဖက်ရှင်သပ်သပ်ပဲမဟုတ်ပါဘူး။ နေရောင်ကနေလာတဲ့ UVA နဲ့ UVB rays တွေက အရေပြားကင်ဆာရောဂါကိုပါ ဖြစ်စေနိုင်လို့ နေရောင်ခြည်ကို ကာကွယ်တဲ့ အနေနဲ့ ကမ်းခြေလိုနေရာမျိုးမှာ ခေါင်းသေချာလုံတဲ့ ဦးထုပ်အကြီးတွေ မဖြစ်မနေလိုအပ်တာပါ။ 

ဖြစ်နိုင်ရင်တော့ မနက် ၁၁ နာရီကနေ ညနေ ၄နာရီထိကို အရိပ်ရတဲ့ နေရာမှာ နေတာ အကောင်းဆုံးပါပဲ။ 


Photo:Freepik


မျက်မှန်လည်း မဖြစ်မနေဆောင်သွားပါ 

ကမ်းခြေမှာ မျက်မှန်တပ်ကြတယ်ဆိုတာက ဖက်ရှင်တစ်ခုတည်းအရမဟုတ်ဘဲ မျက်လုံးကျန်းမာရေးကို ဂရုစိုက်တာမျိုးလို့လည်း သိထားပါ။ မျက်လုံးကို နေရောင်တိုက်ရိုက်ကျတာမျိုးမဖြစ်ရလေအောင်ကော ဖက်ရှင်ကျ လှပစေဖို့ပါရည်ရွယ်ပြီး ကိုယ့်မျက်နှာကျနဲ့ လိုက်ဖက်တဲ့ မျက်မှန်တစ်လက်မဖြစ်မနေ ဆောင်သွားဖို့ တိုက်တွန်းပါရစေ။ 


baby powder လေးယူသွားပါ 

baby powder လေးက ကမ်းခြေသွားသူတွေအတွက် မဖြစ်မနေလိုအပ်ပါတယ်။ ဘာ့ကြောင့်လိုအပ်တာလဲဆိုတာ့ ကမ်းခြေမှာ ဆော့ကစားရင်း ခြေထောက်တွေ၊ ခန္ဓာကိုယ်တွေမှာ ကပ်လာတဲ့ သဲမှုတ်တွေကို baby powder လေးနဲ့ ပွတ်လိုက်မယ်ဆိုရင် လွယ်လွယ်ကူကူလ သန့်ရှင်းရေးလုပ်နိုင်လို့ပဲ ဖြစ်ပါတယ်။ 


ခုပြောပြသွားတဲ့ အချက် ၆ ချက်ကိုသာ သေချာလုပ်ဆောင်ပြီး ကမ်းခြေသွားမယ်ဆိုရင် ခရီးက ပြန်လာပြီးမှ အသားတွေမည်းသွားတာ ၊ မျက်လုံးထိခိုက်အနာတရဖြစ်တာ ၊ ခရီးမှာ စိတ်ညစ်စိတ်ရှုပ်လာရတာတွေ ကင်းဝေးသွားနိုင်မှာ အသေအချာပါပဲ။ 


ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။

Share

Loading Next Article...
က္က