5000 mAh ဘက်ထရီ ၊ punch hole ကင်မရာ နဲ့ ခေတ်မီတဲ့ ဒီဇိုင်းနဲ့ လာပါတယ်

Tecno Spark စီးရီးမှာ အသစ်ထွက်လာတဲ့ Tecno Spark 5 ဟာ လူတိုင်းကိုင်နိုင်တဲ့ ဈေးနဲ့ မိတ်ဆက်လိုက်တဲ့ ခေတ်မီစမတ်ဖုန်းတစ်လုံးလို့ ဆိုနိုင်ပါတယ်

Tecno Spark 5 ဟာ ခေတ်ပေါ် ဒီဇိုင်းသုံးထားပြီး ကျောဘက်မှာ ထောင်လိုက်စတုဂံပုံစံ ကင်မရာကွက်နဲ့ လာပြီး ရှေ့ဘက် display အပေါ်ဘယ်ထောင့်မှာ punch hole ကင်မရာပေါက် သုံးထားပါတယ်။ ဒီတစ်ခါထွက်လာတဲ့ Tecno Spark 5 ဟာ ၆.၆ လက်မ အကြီးစား screen နဲ့ မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။


Photo: GSMArena

တန်ဖိုးနည်း ဖုန်းတစ်လုံးအနေနဲ့ နှစ်သက်စရာ features တွေ အတော်များများကို Tecno Spark 5 မှာ သုံးထားပါတယ်။ မျက်နှာပြင် ၆.၆ လက်မဟာ punch-hole ဆယ်လ်ဖီကင်မရာကြောင့် မှန်ပြင်နဲ့ ကိုယ်ထည်အချိုး ၉၀.၂% အထိ ရှိလာပါတယ်။ resolution ကတော့ 720 x 1600 ဖြစ်လို့ ပြောစရာ ဖြစ်နေပါတယ်။ ရှေ့ကင်မရာအကြောင်း ပြောမထားဘဲ Face Unlock လုပ်နိုင်မယ်လို့ပဲ ဆိုထားပါတယ်။

နောက်တစ်ချက်က သုံးထားတဲ့ processor အမျိုးအစား မသိရဘဲ octa-core CPU နဲ့ လာပြီး RAM 2GB/32GB storage ပဲ သုံးတာကလည်း အတော်ကြီးကို နည်းတယ်လို့ ဆိုနိုင်ပါတယ်။ ကျောဘက်မှာ Fingerprint ထည့်ထားပြီး ‌ကျောဘက်မှာ 13MP main sensor ၊ 2MP macro ၊ 2MP depth sensor နဲ့ နောက်ထပ် အမည်မသိရတဲ့ စတုတ္ထမြောက် ကင်မရာတစ်လုံး သုံးထားပါတယ်။ ထူးခြားတာက ရှားရှားပါးပါး quad LED flash ပံ့ပိုးထားတာ ဖြစ်ပါတယ်။

ဘက်ထရီပါဝါဟာ 5000 mAh သုံးထားပြီး Android 10 OS အခြေခံ Tecno Custom HiOS 6.1 နဲ့ လာပါတယ်။ Tecno Spark 5 ကို Misty Grey ၊ Vacation Blue ၊ Ice Jadeite နဲ့ Spark Orange ကာလာ ၄ ရောင်နဲ့ လာပါတယ်။ ဂါနာဈေးကွက်မှာ Tecno Spark 5 ကို ဂါနာငွေကြေး 720 GHS (မြန်မာငွေ ၁ သိန်း ၇ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က