Facebook ၊ WhatsApp နဲ့YouTube လို social apps တွေလည်း သုံးနိုင်မယ် ၊ BlackBerry လို QWERTY ကီးဘုတ်လည်း ပါတယ်ဆိုတဲ့ ဖုန်းကတော့ အိန္ဒိယ brand တစ်ခု ဖြစ်တဲ့ JioPhone 2 ပါပဲ။

photo: goandroid
Reliance Industries ရဲ့ ထုတ်ကုန်တစ်ခု ဖြစ်တဲ့ JioPhone 2 ဟာ လိုင်းဆွဲအားပိုင်းမှာ လေးစားလောက်တဲ့ specs နဲ့ထွက်လာတာပါ။ dual SIM သုံး ဒီဖုန်းဟာ VoLTE နဲ့VoWi-Fi စနစ်များ ပံ့ပိုးပေးထားပြီး 150Mbps LTE လိုင်းဆွဲအားမိတဲ့ ဖုန်းဖြစ်ပါတယ်။ OS စနစ်မှာတော့ အရင်က ထွက်ထားတဲ့ JioPhone အတိုင်း KaiOS နဲ့လာပြီး RAM 512MB နဲ့4GB storage ပါလာပါတယ်။ storage ကတော့ SD card ကနေ 256GB အထိ တိုးမြှင့်နိုင်မှာ ဖြစ်လို့ဖုန်း memory အနေနဲ့တော့ ပူစရာလိုတော့မှာ မဟုတ်ပါဘူး။
မျက်နှာပြင် ၂.၄ လက်မ QVGA screen နဲ့အတူ အောက်ဘက်မှာ physical keyboard ဖြစ်တဲ့ QWERTY keyboard တစ်ခု ပါလာပါတယ်။ processor ကတော့ entry specs ဖြစ်တဲ့ dual core processor သုံးထားတာပါ။ ကျောဘက်မှာ 2MP နဲ့ရှေ့ဘက် 0.3MP ကင်မရာတွေက အရင်ခေတ်က ကီးပတ်ဖုန်းတွေကို အမှတ်ရချင်စရာ ဖြစ်နေပါတယ်။
Reliance Jio ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကလည်း တစ်သက်လုံး ဖုန်းပြောနိုင် SMS ပို့နိုင်တဲ့ JioPhone 4G မော်ဒယ်ကို မိတ်ဆက်ခဲ့ပါတယ်။ အင်တာနက် သုံးနိုင်မယ့် ဒီဖုန်းမှာတော့ Reliance Jio ရဲ့ apps တွေ ပါဝင်ပြီး လစဉ် ၁၅၃ ရူပီး (မြန်မာငွေ ၃၂၀၀ ကျော်) သွင်းရုံနဲ့4G data plan ကို အကန့်အသတ်မရှိ သုံးနိုင်အောင် ထုတ်ခဲ့တာပါ။
photo: onlinedealsyt
2000 mAh ဘက်ထရီနဲ့လာတဲ့ JioPhone 2 မှာ ထူးခြားတာက ဖုန်းပိုင်ရှင်ရဲ့ အသံနဲ့ဗွီဒီယိုတွေ ဖွင့်တာ ၊ app သုံးတာတွေ လုပ်ဆောင်နိုင်မယ့် feature တွေ ပါလာမယ်လို့ဆိုပါတယ်။ ဒီဖုန်းကို လာမယ့် သြဂုတ်လ ၁၅ ရက်နေ့မှာ ၂၉၉၉ ရူပီး (မြန်မာငွေ ၆ သောင်းဝန်းကျင်) ဈေးနဲ့ရောင်းချသွားမှာ ဖြစ်ပါတယ်။