ဆက်မထုတ်တော့တဲ့ Galaxy Note စီးရီးတွေကို ၂၀၂၂ မော်ဒယ် Galaxy S22 Ultra စီးရီးတွေမှာ အလွမ်းပြေ ပြန်တွေ့ရတော့မှာပါ။
တစ်ခါက ကျော်ကြားခဲ့တဲ့ Galaxy Note တွေဟာ အခုတော့ Galaxy S22 Ultra ဗားရှင်းမှာ ပုံစံသစ်နဲ့ ပြန်ထွက်လာပါတယ်။ Galaxy S22 Ultra ဟာ ဒီနှစ်အတွက် Samsung ရဲ့ Flagship Lineup ထဲက ပထမဆုံးမော်ဒယ်ဖြစ်ပြီး ၂၀၂၀ ထွက် Galaxy Note 20 Ultra နဲ့ ၂၀၂၁ မော်ဒယ် Galaxy S21 Ultra တို့ရဲ့ အဆက်လည်း ဖြစ်ပါတယ်။
ဖုန်းသစ်တစ်လုံးရဲ့ မျိုးဆက်ပြောင်းလဲမှုတွေအရ ဒီနှစ်ထဲ ထူးခြားလာတာက S Pen ကို ပထမဆုံး သုံးလာတာပါပဲ။ Galaxy Note စီးရီးတွေရဲ့ သီးသန့်အမှတ်လက္ခဏာဖြစ်ခဲ့တဲ့ S Pen ဟာ Galaxy S22 Ultra ရဲ့ ဘော်ဒီထဲမှာ Note Lineup တုန်းကလို နေရာသက်သက် ပေးပြီး ထည့်လာခဲ့တာပါ။
Photo: GSMArena
ဒီဇိုင်းပိုင်းမှာ Galaxy S22 Ultra ဟာ Galaxy Note 20 Ultra ဆန်တဲ့ အချိုးဒီဇိုင်းနဲ့လာပြီး ကွေးညွှတ်နေတဲ့ Display ခုံး ၊ အလူမီနီယံဘောင်နဲ့ ရှေ့/နောက် အကြမ်းခံ Gorilla Glass Victus+ မှန်တို့ သုံးထားပါတယ်။ ကျောဘက်ကင်မရာဖွဲ့စည်းမှုက Galaxy S21 Ultra နဲ့ ဆင်ပေမယ့် လေးထောင့် Bump အကြီးစား ပါမလာတော့ပါဘူး။
ဖုန်းကိုယ်ထည်ထဲမှာ ပါလာတဲ့ S Pen ဟာ တုံ့ပြန်မှု latency ကြန့်ကြာချိန် ၂.၈ မီလီစက္ကန့်ပဲ ရှိပြီး AI အခြေပြု ခန့်မှန်းတွက်ချက်တဲ့နည်းပညာတွေလည်း ထည့်သွင်းထားပါတယ်။ S Pen နဲ့ ရေးတဲ့ လက်ရေးကို စာသားအဖြစ် ပြောင်းတဲ့ Feature ကိုလည်း အဆင့်မြှင့်လာပြီး အခုဆို ဘာသာစကား ၈၈ မျိုးအထိ ပံ့ပိုးလာတယ်လို့ ဆိုပါတယ်။
display ဆိုဒ် ၆.၈ လက်မ 1440p Dynamic AMOLED 2x Panel ဟာ dynamic ဖြစ်တဲ့ 120Hz Refresh Rate သုံးထားပြီး 240Hz touch sampling rate ၊ အမြင့်ဆုံးတောက်ပမှု 1750nits ၊ 100% DCI-P3 coverage နဲ့ Ultrasonic Fingerprint sensor ပါရှိပါတယ်။ ကင်မရာပိုင်းမှာ အရင် S21 Ultra အတိုင်း 108MP f/1.8 main sensor ၊ 12MP f/2.2 Ultrawide နဲ့ 10MP f/2.4 3x telephoto ၊ 10MP f/4.9 10x periscope ဆိုပြီး ကင်မရာ ၄ လုံး ပါရှိပါတယ်။ ရှေ့ဘက်မှာ 40MP f/2.2 selfie ကင်မရာ သုံးထားပြီး low light မှာ ဓါတ်ပုံနဲ့ ဗွီဒီယိုတွေရိုက်ချက်တွေကို အဆင့်မြှင့်ဖို့ NPU သစ်နဲ့ AI နည်းပညာသစ်တွေ သုံးလာပါတယ်။
ကင်မရာ features တွေထဲမှာ Ultrawide ကင်မရာ သုံးပြီး ကင်မရာဖရိန်ထဲမှာ ပါတဲ့ လူတွေအတွက် ရိုက်ချက်ကို ချိန်ညှိနိုင်တဲ့ Auto Framing နည်းပညာသစ်လည်း ပါရှိပါတယ်။ ဒီ feature ကတော့ တစ်ခါတည်းနဲ့ လူ ၁၀ ယောက်အထိ ခြေရာခံမှတ်သားပြီး နောက်ထပ်လူတွေ ထပ်ဝင်လာရင် Auto Zoom out လုပ်နိုင်မှာပါ။ အဖွဲ့ထဲက လူတစ်ယောက်ချင်းစီကိုလည်း Manual Zoom In ဆွဲနိုင်ပြီး ကိုယ့်စိတ်ကြိုက်ဖရိမ်နဲ့ ရိုက်နိုင်မယ်လို့ ဆိုပါတယ်။ နောက်ထပ်အဆင့်မြှင့်လာတဲ့ ကင်မရာလုပ်ဆောင်ချက်ဝွေက Portrait Mode ၊ Studio Lightning Effects နဲ့ Night Portrait Mode တို့ပဲ ဖြစ်ပါတယ်။
Processor ကိုတော့ ဈေးကွက်ပေါ်လိုက်ပြီး Exynos 2200 SoC နဲ့ ထုတ်တာ ရှိသလို Snapdragon 8 Gen 1 နဲ့ လာတာလည်း ရှိပါတယ်။ Chipset နှစ်မျိုးစလုံးကတော့ 4nm process နဲ့ ထုတ်ထားပြီး octa-core CPU Design ချင်းလည်း ဆင်ပါတယ်။ Qualcomm chipset ကတော့ Adreno 730 GPU ပါပြီး Exynos Chispet မှာ AMD RDNA2 အခြေခံ Xclipse 920 GPU သစ် သုံးထားပါတယ်။ AI Processing ပိုင်းမှာ ၂၀၂၁ မော်ဒယ် S21 Series တွေထက် ၂ ဆ မြန်တဲ့ NPU ပါမယ်လို့ ဆိုပါတယ်။
Photo: GSMArena
Galaxy S22 Ultra ကို RAM8/128GB storage ဗားရှင်းကနေ RAM 12GB/1TB Storage အထိ ထွက်ထားပါတယ်။ ဘက်ထရီပါဝါ 5000 mAh အားဟာ 45W Wired နဲ့ 15W Wireless Charging အားသွင်းနည်းပညာ ပံ့ပိုးထားပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 12 အခြေခံ OneUI 4.1 နဲ့လာပါတယ်။ Phantom Black, Phantom White, Green နဲ့ Burgundy ကာလာ ၄ ရောင်နဲ့ ထွက်ထားပြီး Samsung ဝက်ဘ်ဆိုက်မှာ Graphite ၊ Red နဲ့ Sky Blue ကာလာတွေလည်း သီးသန့်ဝယ်နိုင်မယ်လို့ ဆိုပါတယ်။
အနိမ့်ဆုံး 8/128GB မော်ဒယ်ကို ၁၁၉၉ ဒေါ်လာ (မြန်မာငွေ ၂၁ သိန်းခွဲခန့်) ဈေးကနေ စတင်ရောင်းချသွားမှာ ဖြစ်ပြီး ဖေဖော်ဝါရီ ၂၅ ရက်နေ့ Pre-Order မှာနိုင်မယ်လို့ သိရပါတယ်။
Share