foldable phone ခေတ်ကို ဦးတည်နေပေမယ့် Samsung ကတော့ နှစ်လအတွင်း တက်ဘလက်နှစ်မျိုးကို ကြေညာထားပါတယ်။
Samsung ရဲ့ ထိုင်းဝက်ဘ်ဆိုက်မှာ S Pen ပါတဲ့ ၂၀၁၉ ဗားရှင်း Galaxy Tab A ကို တင်ထားပါတယ်။ မျက်နှာပြင် ၈ လက်မ Galaxy Tab A ဟာ 1920 x 1200 ရုပ်ထွက်ပါတဲ့ dispaly ကို သုံးထားပြီး mid-range processor ဖြစ်တဲ့ Samsung Exynos 7904 SoC နဲ့လာပါတယ်။ ဒီ processor ဟာ Samsung ရဲ့ mid-range ဖုန်းဖြစ်တဲ့ Samsung Galaxy M20 မှာ သုံးထားတဲ့ processor လည်း ဖြစ်ပါတယ်။
Photo: 9to5google
နာမည်အပြည့်အစုံဆိုရင် ဒီတက်ဘလက်ကို Samsung Galaxy Tab A 8.0 (2019) လို့ခေါ်ပြီး ထူးခြားတာက Galaxy Note 8 မှာလို S Pen ပါလာတာပါ။ ဒီ S Pen ဟာ ရေစိုခြင်းနဲ့ဖုန်တင်ခြင်းကို အမြင့်ဆုံး ခံနိုင်ရည်ရှိတဲ့ IP68 rating နဲ့လာပါတယ်။ သုံးထားတဲ့ RAM/Storage ကလည်း 3GB/32GB ဖြစ်ပြီး microSD card ကနေ 512GB အထိ ထပ်တိုးနိုင်တာကြောင့် storage ကို စိတ်ကြိုက်တိုးနိုင်မှာပါ။
Galaxy Tab A 8.0 (2019) မှာ ဘက်ထရီပါဝါကို 4200 mAh သုံးထားလို့အရင် Galaxy Tab S5e ရဲ့ 7040mAh ဘက်ထရီပါဝါလောက် မကြီးဘူးလို့ပြောနိုင်ပါတယ်။ Samsung ကတော့ ဒီဘက်ထရီဟာ အင်တာနက်ကို ၁၁ နာရီကြာအောင် အသုံးခံနိုင်မယ်လို့ကြေညာထားပေမယ့် ဒီအချက်ကတော့ လက်တွေ့သုံးကြည့်ချိန်မှာ အပြောင်းအလဲ ရှိနိုင်ပါတယ်။ အားသွင်းတာကိုတော့ microUSB 2.0 port သုံးထားလို့Galaxy Tab S5e မှာလို Type C ကနေ fast charging သွင်းနိုင်တဲ့ အတွေ့အကြုံတွေ့ရမှာ မဟုတ်ပါဘူး။
Photo: fonearena
ကျောဘက် 8MP ကင်မရာ ၊ 5MP ဆယ်လ်ဖီကင်မရာ တို့ဟာ AR Emoji ၊ Live Bokeh / Live Blur နဲ့Live Beauty Mode တို့ပါဝင်ပြီး video recording ကို FullHD ရုပ်ထွက်နဲ့ရိုက်ကူးနိုင်မယ်လို့ဆိုပါတယ်။ Galaxy Tab A 8.0 မှာ ဇီဝလုံခြုံရေးစနစ်တွေဖြစ်တဲ့ လက်ဗွေနဲ့မျက်နှာပြင်ဖတ်စနစ်တွေ ပါမှာ မဟုတ်ပါဘူး။ ဈေးကွက်အနေနဲ့ယူကေ ၊ နယူးဇီလန် ၊ ထိုင်း ၊ ကမ္ဘောဒီးယား ၊ လာအို ၊ မလေးရှား ၊ ဖိလစ်ပိုင် ၊ စကာၤပူနဲ့ဗီယက်နမ်တို့မှာ ရောင်းချသွားမယ်လို့ဆိုပါတယ်။
အခုထိတော့ ဒီတက်ဘလက်ရဲ့ ဈေးနှုန်းနဲ့ရောင်းချမယ့်ရက် မသိရသေးပါဘူး။