• “ဆာလာက မက်ဆီဘဝရောက်သွားပြီ၊ ဆာလာက ကမ္ဘာ့အကောင်းဆုံး” လို့ အသီးသီးချီးကျူးခဲ့ကြ

ဝက်ဖို့ဒ်ဘက်ကိုသွင်းယူခဲ့တဲ့ ဆာလာရဲ့ဂိုးအပေါ် ချီးကျူးနေကြတာပါ။

ဒီညအစောပိုင်းပွဲစဥ်အဖြစ် ဝက်ဖို့ဒ်နဲ့ လီဗာပူးတို့ ကစားခဲ့တဲ့ပွဲမှာ ဧည့်သည်လီဗာပူးက ဖာမီနိုရဲ့ ဟက်ထရစ်နဲ့အတူ (၅) ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

image

လီဗာပူးအတွက် အဖွင့်ဂိုးကို မာနေးက သွင်းယူပေးခဲ့ပြီးနောက် ဖေမီနိုက လီဗာပူးအတွက် (၂) ဂိုးဆက်သွင်းယူပေးခဲ့ပါတယ်။ လီဗာပူးအတွက် စတုတ္ထမြောက်ဂိုးကို ဆာလာက ဖေမီနိုရဲ့ ပေးပို့မှုကနေ လှပတဲ့ တစ်ကိုယ်တော်ခြေစွမ်းနဲ့အတူ ပြိုင်ဘက်ကစားသမား (၃) ယောက်လောက်ကို ကျော်ဖြတ်သွင်းယူခဲ့တာပါ။ 

image

ဆာလာဟာ ဝက်ဖို့ဒ်ကစားသမားတွေဖြစ်တဲ့ ဟွမ်ဟာနန်ဒက်ဇ်၊ ကူကာနဲ့ ကက်သ်ကာ့တ်တို့ကို ကျော်ဖြတ်ပြီး လှလှပပ ကန်သွင်းခဲ့တာဖြစ်ပါတယ်။

ဆာလာအနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ မန်စီးတီးနဲ့ တစ်ဖက်နှစ်ဂိုးစီသရေပွဲမှာလည်း အခုလိုမျိုးပဲ သွင်းဂိုးတစ်ဂိုးကို လှလှပပသွင်းယူခဲ့သေးတာပါ။

ဒီဂိုးဟာ ဆာလာအတွက် ဒီရာသီ လီဗာပူးအတွက် ပြိုင်ပွဲစုံ (၁၀) ပွဲကစားပြီးချိန်မှာ (၁၀) ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာလည်း သွင်းဂိုး (၇) ဂိုးအထိရှိလာခဲ့ပါတယ်။ ဆာလာရဲ့ သွင်းဂိုးနဲ့ ပတ်သက်လို့ ပွဲအစီအစဥ်တင်ဆက်သူ အင်္ဂလန်ဂန္တဝင် ဂယ်ရီလိုင်နီကာက “ဆာလာက မက်ဆီဖြစ်သွားတာပဲ” လို့ ချီးကျူးခဲ့ပါတယ်။

ဒါ့အပြင် လီဗာပူးဂန္တဝင်နောက်ခံလူဟောင်း ကာရေဂါကလည်း “လက်ရှိအချိန်မှာ ဆာလာက ကမ္ဘာ့အကောင်းဆုံးကစားသမားပဲ” လို့ မှတ်ချက်ပြုချီးကျူးခဲ့ပါတယ်။ ဆာလာဟာ ဒီပွဲရဲ့ အဖွင့်ဂိုးရှင် မာနေးရဲ့သွင်းဂိုးအတွက်လည်း အကောင်းဆုံး ဖန်တီးပေးနိုင်ခဲ့ပြီး ဟက်ထရစ်ရှင် ဖေမီနိုထက်တောင် ပိုမိုချီးကျူးခံနေရတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က