• ဆာလာနဲ့လီဗာပူး စာချုပ်သစ်အဆင်မပြေတဲ့ကိစ္စ ဂရီလစ်ရှ် ဘလိုင်းကြီးအထောင်းခံနေရ

ဂရီလစ်ရှ်နဲ့မန်စီးတီးကို ဝေဖန်ခဲ့တာပါ။
[Zawgyi Version]

လီဗာပူးကစားသမားဟောင်း မာ့ခ်လော်ရန်ဆင်က ဆာလာနဲ့လီဗာပူးတို့ စာချုပ်သစ်ကိစ္စအဆင်မပြေတဲ့အပေါ် မန်စီးတီး ကစားသမား ဂရီလစ်ရှ်ရဲ့ အပြောင်းအရွှေ့ကို ဝေဖန်ပြစ်တင်လိုက်ပါတယ်။ ဆာလာဟာ (၂၀၂၃) ဇွန်မှာ လီဗာပူးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာပါ။

သူနဲ့လီဗာပူးအကြား စာချုပ်သစ်ဆွေးနွေးမှုက လက်ရှိအချိန်အထိ အဆင်မပြေသေးဘဲ ဆာလာကလည်း လီဗာပူးကနေ ထွက်ခွာဖြစ်ခဲ့ရင် အခြားသော ပရီးမီးယားလိဂ်အသင်းတသင်းကို ပြောင်းရွှေ့ကစားနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အဲ့ဒါကြောင့်လည်း လီဗာပူးပရိသတ်တွေက ဆာလာကို ဒေါသပေါက်ကွဲနေကြပါတယ်။

ဆာလာဟာ တပတ်လုပ်ခ ပေါင် (၅) သိန်းအလိုရှိနေတာဖြစ်ပြီး ဒီလိုမျိုး စာချုပ်သစ်အဆင်မပြေတဲ့အပေါ် လော်ရန်ဆင်က အခုလိုပဲ ဂရီလစ်ရှ်ကို အပြစ်တင်ခဲ့ပါတယ်။ လော်ရန်ဆင်က “ဆာလာက လုံးဝကို အကောင်းဆုံး ကစားသမားတယောက်ပါ။ ညာခြမ်းမှာ ဘယ်သန်ကစားသမားတယောက်ဖြစ်တယ်၊ ဂိုးသွင်းရတာကို သူပျော်နေပါတယ်”

“လီဗာပူးက သူ့မတိုင်ခင် ဒီလိုကစားသမားမျိုး ဘယ်တုန်းကရခဲ့ဖူးလဲဆိုတာ ကျနော် မှတ်တောင်မမှတ်မိပါဘူး။ ဆာလာသာရှိရင် သွင်းဂိုးတွေအတွက် အာမခံချက်ရှိပါပြီ။ အချို့ ပရိသတ်တွေက သူ ဘယ်လောက်လိုချင်လဲ၊ ပေးလိုက်ဆိုတာမျိုးပါ။ ဒါပေမယ့် အဓိကပြဿနာက မန်စီးတီးတို့ ဂရီလစ်ရှ်ကို ပေါင်သန်း (၁၀၀) နဲ့ ခေါ်လိုက်တာကြောင့်ပါ”

“ဂရီလစ်ရှ် ဘယ်လောက်ရသလဲဆိုတာ လူတိုင်းသိပါတယ်။ ဆာလာရဲ့အေးဂျင့်ကလည်း ဂရီလစ်ရှ်တောင်မှ ပေါင်သန်း (၁၀၀) တန်သေးတာ သူ့ကစားသမားက ဂိုးတွေအများကြီးသွင်းတယ်၊ ပိုကောင်းတယ် ကစားသမားဖြစ်တယ်ဆိုပြီး ဂရီလစ်ရှ်ရသလောက်ကို စဥ်းစားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...