ဆန်ချိုက တန်ဟက်ခ်ကို တောင်းပန်ဖို့ ငြင်းဆန်ခဲ့တာပါ။

ယူနိုက်တက်နည်းပြအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ မက္ကာသီက ဆန်ချိုတစ်ယောက် နည်းပြ တန်ဟက်ခ်ကို မတောင်းပန်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ ဖွင့်ဟသွားခဲ့ပါတယ်။ ဆန်ချိုဟာ ပြီးခဲ့တဲ့ရာသီ အစောပိုင်းမှာ တန်ဟက်ခ်နဲ့ ပြဿနာဖြစ်ပွားခဲ့တာပါ။



အာဆင်နယ်နဲ့ပွဲအပြီးမှာ ဖြစ်ပွားခဲ့တဲ့ အဲ့ဒီပြဿနာကြောင့် ဆန်ချိုကို ယူနိုက်တက် အသင်းကြီး လူစာရင်းကနေ ဖယ်ထုတ်ခံရတဲ့အထိ ဆိုးရွားခဲ့ပါတယ်။ ဆန်ချိုသာ တောင်းပန်ခဲ့ရင် တန်ဟက်ခ်က အသင်းကြီးမှာ ပြန်လည် အသုံးပြုမယ်ဆိုပေမယ့် ဆန်ချိုက မတောင်းပန်ခဲ့ပါဘူး။

အဲ့ဒါကြောင့်လည်း ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ဆန်ချိုက အသင်းဟောင်း ဒေါ့မွန်ကို အငှားနဲ့ ပြန်လည်ပြောင်းရွှေ့သွားခဲ့တာပါ။ ဒီလိုမျိုး ဆန်ချိုနဲ့ ပတ်သက်လို့ မက္ကာသီက “ခင်ဗျားက အားလုံးသိတဲ့ လူတစ်ယောက်ဖြစ်နေချိန်မှာ ဘယ်သူကမှတော့ မတောင်းပန်ချင်ကြပါဘူး”

“ဒီလိုမျိုး တောင်းပန်လိုက်ရင် ခင်ဗျားက ထရိန်နင်ကောင်းကောင်း မလုပ်ဘူး၊ ပျင်းရိတယ်၊ လူတိုင်းက စွပ်စွဲနေသလို ဟုတ်တယ်ဆိုပြီး ဝန်ခံလိုက်သလို ဖြစ်သွားမှာပါ။ ဆန်ချိုက ဒါကြောင့် မတောင်းပန်ခဲ့ပါဘူး။ ကျွန်တော် ဆန်ချိုနဲ့ နည်းပြအနေနဲ့ရော၊ သူငယ်ချင်းလိုပါ စကား ပြောခဲ့ပါတယ်။ ကျွန်တော်တို့က လမ်းတွေပေါ်မှာပဲ ကြီးပြင်းခဲ့ရတာချင်း တူပါတယ်”

“ဆန်ချိုက သူ တောင်းပန်လိုက်ရင် ပျင်းတာ၊ ထရိန်နင် နောက်ကျတာအတွက်ပဲ​ တောင်းပန်မယ်၊ ပုံစံကောင်း မပြနိုင်ဘူးဆိုတာအတွက် မတောင်းပန်ဘူးဆိုပြီး အကြောင်းပြချက်ပေးခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က