We Love Kwee Phyo Group ထွက်ပေါ်လာပြီး ၃ ရက်အကြာ လူမှုကွန်ရက်မှာ ပြန့်နှံ့လာတဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့ ပတ်သက်ပြီး နောက်ပြောင်နေတဲ့ သူတွေကို အရေးယူဆောင်ရွက်သွားမယ်ဆိုတဲ့ စာဟာ အတုဖြစ်ကြောင်းကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
We Love Kwee Phyo အမည်နဲ့ Facebook Group ထွက်ပေါ်လာပြီး ၃ ရက်ခန့်အကြာမှာ လူမှုကွန်ရက်မှာပြန့်နှံ့လာတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးချုပ်၊စက်တင်ဘာလ(၁၂)ရက်နေ့ရက်စွဲ နဲ့ထုတ်ပြန်ကြေညာထားတဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများအားလုံးသိရှိလိုက်နာရေးကိစ္စ ထုတ်ဆင့်ခြင်းဆိုတဲ့ စာမှာ စာအတုဖြစ်ကြောင်းကိုပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက ဒီကနေ့ စက်တင်ဘာ (၁၃)ရက်နေ့ကထုတ်ပြန်ကြေညာလိုက်ပါတယ်။
ပြန့်နှံ့နေတဲ့ စာထဲမှာတော့ လူမှုကွန်ရက်မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို နောက်ပြောင်ပြောဆိုနေတဲ့ သူတွေကို အရေးယူဆောင်ရွက်သွားမယ်ဆိုပြီး ရေးသားထားတာလည်းဖြစ်ပါတယ်။ ဒီစာကိုတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက ထုတ်ပြန်တာမဟုတ်ဘဲ စာအတုသာဖြစ်ကြောင်းနဲ့၊ အခုလိုစာအတုဖြန့်ဝေသူကိုလည်း စုံစမ်းဖော်ထုတ်ပြီး ဥပဒေအရ ထိထိရောက်ရောက်အရေးယူသွားမှာဖြစ်တယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနကထုတ်ပြန်ကြေညာလိုက်ပါတယ်။
We Love Kwee Phyo Group ဟာ လွန်ခဲ့တဲ့ (၃)ရက် (စက်တင်ဘာလ ၁၀ရက်) နေ့ကတည်ထောင်ထားတဲ့ Page တစ်ခုဖြစ်ပြီး အခုဆိုရင် member ပေါင်း တစ်သိန်းလေးသောင်းကျော်ရှိနေပြီဖြစ်ပါတယ်။ ဒီ page မှာဆိုရင်တော့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့ ပတ်သက်ပြီး ဓာတ်ပုံတွေကိုနောက်ပြောင်ကျီစယ်တဲ့စကားလုံးတွေနဲ့ ပုံတွေကို ဖြန့်ဝေပေးနေတဲ့ Page တစ်ခုလည်းဖြစ်ပါတယ်။