ရပ်ရှ်ဖို့ဒ်၊ ဂရီလစ်ရှ်တို့ကို ချန်ရစ်ခဲ့တာပါ။

ဆာဘီးယားလက်ရွေးစင် ကစားသမားဟောင်း မာတစ်က အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ရဲ့ လူရွေးချယ်မှုနဲ့ ပတ်သက်လို့ ဆာဘီးယားအတွက် သတင်းကောင်းပဲလို့ ပြောကြားလိုက်ပါတယ်။ ဆောက်ဂိတ်ဟာ ယူရိုပြိုင်ပွဲအတွက် အပြီးသတ် ကစားသမားစာရင်းကို ထုတ်ပြန်ခဲ့ပြီးပါပြီ။



ဒီစာရင်းမှာ ဂရီလစ်ရှ်၊ ရပ်ရှ်ဖို့ဒ်တို့ မပါဝင်လာခဲ့ပါဘူး။ ရပ်ရှ်ဖို့ဒ်က ဆောက်ဂိတ်ရဲ့ ဆန်ခါတင် ကစားသမားစာရင်းမှာတောင် မပါဝင်လာခဲ့တာပါ။ ဂရီလစ်ရှ်ကတော့ နောက်ဆုံး အပြီးသတ် လူစာရင်း ဖြတ်ချိန်မှသာ ကျန်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ဟာ လာမယ့်အပတ်မှာ ဆာဘီးယားနဲ့ ယူရိုအုပ်စုအဖွင့်ပွဲအဖြစ် ကစားရတော့မှာပါ။ ဒါနဲ့ ပတ်သက်လို့ မာတစ်က “ကျနော်ကတော့ ရပ်ရှ်ဖို့ဒ်နဲ့ ဂရီလစ်ရှ်တို့လို ကစားသမားတွေကို ကျနော့်အသင်းမှာ ရှိစေချင်ပါတယ်။ သူတို့က လှုပ်ရှားမှုတစ်ချက်လောက်နဲ့တင် ပွဲတစ်ပွဲကို အဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမားတွေပါ”

“ဒါပေမယ့် သူတို့က အင်္ဂလန်အတွက် အရွေးမခံခဲ့ရပါဘူး။ ဒါက ဆာဘီးယားအတွက် သတင်းကောင်းပါ” လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ​ ရေးသားခဲ့ပါတယ်။ မာတစ်ဟာ (၂၀၂၀) ကတည်းက လက်ရွေးစင် ကစားသမားဘဝကနေ အနားယူထားတာပါ။

အင်္ဂလန်ဟာ ဂျာမနီမှာ ကျင်းပမယ့် ယူရို-၂၀၂၄ အုပ်စုအဆင့်အတွက် ဆာဘီးယား၊ ဒိန်းမတ်၊ ဆလိုဗေးနီးယားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာပါ။ ဒီအုပ်စုမှာလည်း အုပ်စုပထမရဖို့ အင်္ဂလန်ကသာ ရေပန်းစားနေပါတယ်။

Share

Loading Next Article...
က္က