စံချိန်မှတ်တမ်းဆိုးကို မရဖို့ ရော်နယ်ဒိုဂိုးသွင်းဖို့ လိုအပ်နေပါပြီ။

ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဆယ်စုနှစ်ကျော်ကာလအတွင်း အဆိုးရွားဆုံး ဂိုးပေါက်ပျောက်ဆုံးမှုဆိုတဲ့ စံချိန်ဆိုးကြီးကို ရှောင်လွှဲနိုင်ဖို့အတွက်ဆိုရင် လာမယ့်ကြားရက် ဘန်လေနဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ သေချာပေါက် ဂိုးသွင်းယူနိုင်ဖို့ လိုအပ်နေပါတယ်။



မနေ့က အသက် (၃၇) နှစ်ပြည့်မြောက်ခဲ့တဲ့ ရော်နယ်ဒိုဟာ ယူနိုက်တက်အတွက် နောက်ဆုံးလေးပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ဘဲ သောကြာညက ကစားခဲ့တဲ့ မစ်ဒယ်ဘရော့နဲ့ အက်ဖ်အေဖလားပွဲမှာလည်း သာမန်ပွဲကစားချိန်အတွင်း ပင်နယ်တီလွဲချော်ခဲ့ပါသေးတယ်။

ရော်နယ်ဒိုဟာ အလားတူ ဂိုးပေါက်ပျောက်မှု အခြေအနေမျိုးနဲ့ ပြီးခဲ့တဲ့ (၂၀၁၀) ရီးရဲယ်မက်ဒရစ် ကစားသမားဘဝမှာ ရင်ဆိုင်ခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်က ရော်နယ်ဒိုဟာ ရီးရဲယ်မက်ဒရစ်အတွက် ကစားခဲ့တဲ့ မာလာဂါ၊ မာယော့ကာ၊ အိုဆာဆူနာ၊ ဆိုစီဒက်၊ အေဂျက်စ်တို့နဲ့ ကစားခဲ့တဲ့ ငါးပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာ ကစားသမားဘဝကိုပါ ထည့်တွက်မယ်ဆိုရင်တော့ ရော်နယ်ဒိုတယောက် ပြီးခဲ့တဲ့ (၂၀၁၈) မှာ နောက်ဆုံးအနေနဲ့ အခုလို ဂိုးပေါက်ပျောက်ဆုံးမှုမျိုးနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်။ ရော်နယ်ဒိုဟာ ပေါ်တူဂီအတွက် (၂၀၁၈) ကမ္ဘာ့ဖလား နောက်ဆုံးနှစ်ပွဲဆက်နဲ့အတူ ဂျူဗင်တပ်စ်ရဲ့ ရာသီအဖွင့်သုံးပွဲဆက်နဲ့ စုစုပေါင်း ငါးပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ဖူးတာဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း ရော်နယ်ဒိုအနေနဲ့ လာမယ့် ဘန်လေနဲ့ပွဲမှာသာ ဂိုးမသွင်းနိုင်ခဲ့ရင် လွန်ခဲ့တဲ့ဆယ်စုနှစ်တခုကျော်က ရင်ဆိုင်ခဲ့ဖူးတဲ့ စံချိန်မှတ်တမ်းဆိုးကို ပြန်လည်လိုက်မှီသွားမှာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာပြီးနောက်ပိုင်း အသင်းအတွက် (၂၄) ပွဲမှာ (၁၄) ဂိုး သွင်းယူပေးထားနိုင်ပါတယ်။

ဒါပေမယ့် ရော်နယ်ဒိုတယောက် နောက်ပိုင်းပွဲစဥ်တွေမှာ ဂိုးသွင်းစွမ်းရည် တော်တော်လေးကျဆင်းသွားခဲ့ပြီး ယူနိုက်တက်အတွက် နောက်ဆုံး (၈) ပွဲမှာ (၂) ဂိုးသာ သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က