• Samsung ကို ကျော်ပြီး ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းကုမ္ပဏီနေရာ ရောက်ခဲ့တဲ့ Huawei

lockdown ကာလအတွင်း ရောင်းအားကွာခြားခဲ့ပါတယ်

အမေရိကန်အစိုးရရဲ့ ပိတ်ဆို့မှုတွေအကြားမှာ Huawei ဟာ အံ့အားသင့်လောက်တဲ့ ရလဒ်ကောင်းတွေ လုပ်ပြနိုင်ခဲ့ပါတယ်။


ကုန်သွယ်ရေး ပိတ်ဆို့မှု ခံထားရတဲ့အပြင် ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါဘေးကြောင့် Huawei ရဲ့ ကမ္ဘာ့စမတ်ဖုန်းတင်ပို့မှုဟာ ကျဆင်းဖို့ ရှိပါတယ်။ ဒါပေမယ့်လည်း Counterpoint Research ရဲ့ ထုတ်ပြန်ချက်အရ Huawei ဟာ ဧပြီလအတွင်း စမတ်ဖုန်းရောင်းအားမှာ Samsung ကို ပထမဆုံး ကျော်ဖြတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

image

Photo: Japan Top News


Counterpoint Research မှ သုတေသနဘက်ဆိုင်ရာ ဒုဥက္ကဌ နီးလ်ရှားက Gizmochina ကို အီးမေးလ်နဲ့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်း Huawei ဟာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ဝေစု ၁၉% ရရှိခဲ့ပြီး ကမ္ဘာ့အကြီးဆုံး Smartphone Maker နေရာကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့တယ်လို့ နီးလ်ရှားက ဆိုပါတယ်။ 

တောင်ကိုရီးယားစမတ်ဖုန်းကုမ္ပဏီ Samsung ကတော့ ဧပြီလထဲမှာ ဈေးကွက်ဝေစုရဲ့ ၁၇% ပိုင်ဆိုင်ခဲ့တာပါ။ အမေရိကန်ကုန်သွယ်ရေးဘက်မှ Huawei ပေါ် ကုန်သွယ်ရေး ပိတ်ဆို့မှုစာရင်းမှာ ထည့်သွင်းခဲ့ပြီးနောက် တရုတ်ပြည်တွင်းမှာ Huawei ဖုန်း ဝယ်ယူအားပေးမှု အားကောင်းလာခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်ပြည်တွင်းစမတ်ဖုန်းဈေးကွက်မှာ Huawei ဟာ အင်အား အကြီးဆုံးအမှတ်တံဆိပ်ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဧပြီလထဲမှာ အသွားအလာကန့်သတ်ပိတ်ပင်မှု တင်းကြပ်လာခဲ့ပြီး အဲ့ဒီကာလအတွင်း အိန္ဒိယ ၊ အမေရိကန် ၊ လက်တင်အမေရိက နဲ့ ဥ‌ရောပဈေးကွက်တစ်ချို့မှာ Samsung စမတ်ဖုန်းရောင်းအား သိသိသာသာ ထိခိုက်သွားခဲ့ပါတယ်။ Huawei ကတော့ Google Mobile Services လိုင်စင်ပိတ်ခံရတာကြောင့် တရုတ်နိုင်ငံပြင်ပ စမတ်ဖုန်းရောင်းအား ကျဆင်းလာနိုင်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က