ဆိုးလ်ရှားက သူ့အစီအစဉ်တွေကို ရော်နယ်ဒိုကြောင့် ပြောင်းလဲခဲ့ရတယ်လို့ ဆိုခဲ့တာပါ။

ဒီရာသီအတွက် ဆိုးလ်ရှားက ကာဗာနီနဲ့ ဆန်ချိုတို့ကို သူ့ရဲ့အဓိကကစားသမားတွေအဖြစ် သတ်မှတ်ထားခဲ့ပေမယ့် ရော်နယ်ဒိုရောက်လာခဲ့ပြီးနောက်မှာ စီမံချက်တွေ ပြောင်းလဲခဲ့ရတယ်လို့ ဆိုခဲ့တာပါ။ 


ရုပ်သံတင်ဆက်သူတစ်ဦးအဖြစ်လုပ်ကိုင်နေတဲ့ ပေါလ်မာဆွန်က ရော်နယ်ဒိုကို ယူနိုက်တက်တို့ ခေါ်ယူခဲ့မှုဟာ ဆိုးလ်ရှားရဲ့ အစီအစဉ်တွေကို ပျက်ပြားစေခဲ့တယ်လို့ Sky Sports မှာ ရေးသားပြောဆိုလိုက်ပါတယ်။ ဒီရာသီအတွက် ဆိုးလ်ရှားက ကာဗာနီနဲ့ ဆန်ချိုတို့ကို သူ့ရဲ့အဓိကကစားသမားတွေအဖြစ် သတ်မှတ်ထားခဲ့ပေမယ့် ရော်နယ်ဒိုရောက်လာခဲ့ပြီးနောက်မှာ စီမံချက်တွေ ပြောင်းလဲခဲ့ရတယ်လို့ ဆိုခဲ့တာပါ။ 



ရော်နယ်ဒိုကတော့ ယူနိုက်တက်ကို ထင်မှတ်မထားဘဲနဲ့ ရောက်ရှိလာခဲ့သူဖြစ်ကာ အသင်းအတွက်ခြေစွမ်းပြကစားပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ပွဲတွေမှာ ယူနိုက်တက်တို့ ရလဒ်တွေဆိုးရွားနေခဲ့ပြီးနောက် ဆိုးလ်ရှားထုတ်ပယ်ခံလိုက်ရပြီဖြစ်ကာ ပေါ်တူဂီသားရောက်ရှိလာမှုက ဆိုးလ်ရှားအစီအစဉ်တွေကို ဆိုးရွားစွာပြောင်းလဲစေခဲ့တယ်လို့ မာဆွန်က သုံးသပ်ခဲ့ပါတယ်။ 


"ဆိုးလ်ရှားအတွက် ကျွန်တော်စိတ်မကောင်းဖြစ်ရပါတယ်၊ ရာသီအစမှာ သူ့ဆီမှာ အစီအစဉ်တခုရှိနေခဲ့တာပါ၊ ဆန်ချိုကို သူ အချိန်အကြာကြိးစောင့်ပြီးမှ ခေါ်ယူခဲ့ရပြီး ရရှိခဲ့သလို ကာဗာနီကလည်း နောက်တနှစ်ဆက်ရှိနေခဲ့ပါတယ်၊ အဲဒီနောက် သူ့အတွက် ရော်နယ်ဒိုထပ်ရောက်လာခဲ့ပါတယ်၊ သူက အရာအားလုံးကို ပြတင်းပေါက်ကနေ လွှင့်ပစ်လိုက်သလိုပါပဲ၊ ပထမဆုံးနေ့ကစပြီး ရော်နယ်ဒိုနဲ့အတူ ပိုကောင်းတဲ့အသင်းမဟုတ်တော့ပါဘူး"


"သေချာခိုင်မာတဲ့နည်းလမ်းမရှိဘဲ အဝေးကွင်းမှာ ၂၉ ပွဲဆက်တိုက်ရှုံးပွဲမရှိအောင် ကစားဖို့မဖြစ်နိုင်ဘူး၊ ဆန်ချိုက အဲဒီလိုကစားနိုင်ဖို့အတွက် နောက်ထပ်လက်နက်တစ်ခုဖြစ်ခဲ့တာပါ၊ ရော်နယ်ဒိုက အဲဒီမှာရှိနေတဲ့အခါမှတော့ သူတို့ တန်ပြန်တိုက်စစ်ကစားဖို့အတွက် ဘာလက်နက်မှ မရှိတော့ပါဘူး၊ ပြီးခဲ့တဲ့ရာသီမှာ အကောင်းဆုံးကစားသမားဖြစ်ခဲ့တဲ့ ဖာနန်ဒက်စ်လည်း ဒီရာသီမှာ တော်တော်လေးခက်ခဲသွားခဲ့ပါတယ်"

"အဲဒါတွေအားလုံးက ဆိုးလ်ရှားအတွက် snowball တွေချည်းပါပဲ၊ သူ့မှာ အစီအစဉ်တစ်ခုရှိထားခဲ့ပြီး ရော်နယ်ဒိုရဲ့အနေအထားကြောင့် ရာသီမစခင်မှာပဲ အကုန်လုံးကို ပြတင်းပေါက်ကနေ ပစ်ချလိုက်ရတော့တာပါပဲ" လို့ ပေါလ်မာဆွန်က ရေးသားခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၁၃ ပွဲကစားပေးထားပြီး ၉ ဂိုးသွင်းယူပေးထားပါတယ်။ 

Share

Loading Next Article...
က္က